အပိုင်း(၁၁)

2.6K 217 2
                                    

Unicode

ဦးသန်းနိုင်ဆိုတာက ဦးမြင့်စိုးရဲ့ တစ်ဦးတည်းသော လူယုံတော်။ ဦးမြင့်စိုးအတွက်ကတော့ လူယုံတော်ဆိုတာထက် ညီတစ်ယောက်လိုဆိုပိုမှန်‌ ပေလိမ့်မည်။ ဘယ်ကိစ္စမဆို တိုင်ပင်နိုင်သည့် တစ်ဦးတည်းသောသူကို။သူလူပျိုဘဝထဲက အားကိုးရတဲ့လူမို့ အစစအရာရာစိတ်ချရသည်။ဦးမြင့်စိုး‌တစ်ယောက် စုံလည်ကုလားထိုင်ပေါ်ထိုင်ရင်း အတွေးတို့က အတိတ်နေ့ရက်များဆီသို့။

"သန်းနိုင် ဟေ့ကောင် ငါ့ကိုကူညီပါကွာ မင်းကူညီမှဖြစ်မှာကွ"

"ဆရာသမားရယ် ကျွန်တော်ကူညီလိုက်လို့ သူဌေးတို့သိရင် ကျွန်တော်ပဲအဆူခံရမှာ မသကာ အလုပ်ပါပြုတ်နေမှဖြင့် ကျွန်တော့်အိမ်ထမင်းအိုးကွဲနေပါလိမ့်မယ်ဗျ"

"ဟာဟေ့ကောင် မင်းပြောမှသိတော့မှာ အာကျယ်အာကျယ်နဲ့"

"......"

"ငါတကယ်သဘောကျတာ အဲ့ကောင်မလေးနာမည်က ငွေယုတဲ့ ခက်တာက ငါတို့ကုမ္ပဏီရဲ့ပြိုင်ဘက် ဖြစ်နေတာ ဒယ်ဒီတို့သိရင်လွယ်မှာမဟုတ်ဘူးကွ ဒါပေမယ့် ငါကတကယ်သဘောကျနေတာကူညီစမ်းပါ ငါ့ကောင်ရာ"

မြင့်စိုးနဲ့ ငွေယုတို့ကြား သန်းနိုင်ဟာ အောင်သွယ်တော်ဖြစ်လာခဲ့‌ တော့သည်။အစစအရာရာကူညီပေးရှာသည်။ သူတို့ရည်ငမ်တာ အစပဲရှိသေး နှစ်ဖက်လုံးကသိသွားတဲ့ အခါအခွဲခံရ‌ တော့လည်း အကုန်စီစဉ်ပေးပြီး ခိုးပြေးဖို့ကအစ နေစရာလည်း သူ့မွေးရပ်မြေတွင် စီစဉ်ပေးရှာသည်။အစစအရာရာအဆင်ပြေခဲ့သည်။ နောက်တော့ အရင်မိတ်ဆွေတွေရဲ့ အကူအညီနဲ့ နိုင်ငံခြားသွားအလုပ်လုပ်ဖို့ဖြစ်လာခဲ့တော့သည်။ သူထွက်သွားတုန်းကဆို အိမ်ထောင်သက်ပင် တစ်နှစ်မပြည့်သေး ။ဒီအခြေအနေမှာ မသွားချင်ခဲ့ပါ။သို့သော် အနာဂတ်ကရှိသေးတာက တစ်ကြောင်း၊ ရွှေအိမ်စံငွေမင်းသမီးကို ခေါ်ထုတ်လာခဲ့တာတစ်ကြောင်း၊ ကိုယ်ကတော့ ယောက်ျားမို့ ကြုံရာနေကြုံရာစားနိုင်ပေမယ့် သူကတော့မတူ။

နိုင်ငံခြားရောက်တော့ သူ့ဆီ စာတွေလည်းပုံမှန်ရေးခဲ့သည်။သို့သော်ဘာပြန်စာမှ သူ့ဆီပြန်မလာခဲ့။ စာရောက်ဖို့ရာအခက်အခဲကြောင့်လို့ ထင်နေခဲ့သည်။ နောက်တော့ မိဘဖြစ်သူတွေနဲ့ အစ်မဖြစ်သူထံမှ စာတစ်စောင်သူရခဲ့သည်။

မူပိုင်နှင်းဆီWhere stories live. Discover now