အပိုင်း(၂)

4K 313 7
                                    

Unicode

ဒီနေ့ကကျောင်းပိတ်ရက်ဆိုတော့‌ ကျောင်းသွားရမှာ ပျင်းလွန်းတဲ့ ငုဝါငယ်အတွက်ကတော့ ပျော်စရာကမ္ဘာကြီးပေါ့။ ကျောင်းသွားရတဲ့ရက်ဆို ကဂျီကကြောင်နဲ့ သူလေးက ခုတော့အစောကြီးထပြီး မျက်နှာတွေသစ်နေတော့ ဒေါ်ငွေ ကြောင်ကြည့်မိလျက်သားပဲ_

"မိငုဝါ ကျောင်းပိတ်တယ်လေ ဆက်မအိပ်ဘူးလားသမီး"

"အိပ်ဘူး မမနွယ်ဆီသွားဆော့မှာ"

"သမီးမမနွယ်က ဆော့မှာမို့လို့လား "

"အမေကလည်း သမီးကဆော့ချင်လို့ကို မမကဆော့ပေးမှာပါ"

"ကိုကိုကြီးလည်း အလုပ်ပိတ်တော့ရှိမှာနော် မကြောက်ဘူးလား"

အဲ့လိုပြောမှသတိရသွားသည်။ ငုဝါငယ်တို့ ကြောက်ရတဲ့တစ်ဦးတည်းသောလူသားပါ။မျက်နှာတည်ကြီးနဲ့မို့ မြင်ရုံနဲ့ ကြောက်ပြီး ငိုရတာလဲ ခနခနပါပဲ။ ဒါပေမယ့်မသွားရင်လည်း မမနွယ်နဲ့မဆော့ရဘူးလေ။

"အမေကလည်း ကိုကိုကြီးကိုဖမ်းပြီး လမ်းထိပ်က သစ်ပင်ကြီးမှာတွဲလောင်းချိတ်ထားပေးပါလားဟင်
သမီးဆော့ပြီး ပြန်လာရင် လွှတ်ပေးလိုက်လေ"

ဒေါ်ငွေရယ်ချင်စိတ်ကို ထိန်းထားပြီး

"အဲတော့ ငါ့သမီးလေးက အဲ့လိုလုပ်ချင်တယ်လား ခက်တာက အမေလဲ ကိုကိုကြီးကို တစ်ယောက်တည်း မနိုင်ဘူးရယ်"

"ဟင့် မနိုင်ဘူးလား အော်ရတယ် ဟိုဦးကုလားကြီးလာရင်လေ တွန်းလှည်းခနငှားပြီး ကိုကိုကြီးကိုအဲ့ပေါ်တင်ပြီးတွန်းကြမယ်လေ ပြီးရင် တွဲလောင်းချိတ်ထားလိုက်မယ်"

"ဟား ဟားးး"

မနေနိုင်တော့ အော်ရယ်ပစ်မိသည်။ဒီကလေး တကယ် ပေါက်ကရတွေးနိုင်လွန်းသည်။ နွယ်နွယ့်ကိုတော့ တော်တော်သံယောဇဉ်ရှိရှာပါသည်။

"အဲ့လောက်တောင် သွားချင်သပါ့ဆိုရင်လည်းသွားပါတော် နွယ်နွယ်ကအေးဆေးတယ် သမီးနဲ့ဆော့ပါ့မလားတော့မသိပါဘူး"

"အမေကလည်း မမနွယ်က ဆော့မှာပါဆို"

"ဟုတ်ပါပြီတော် ဟုတ်ပါပြီတော်"

မူပိုင်နှင်းဆီWhere stories live. Discover now