အပိုင်း(၂၄)

2.5K 211 6
                                    

Unicode

ပွဲတက်စရာရှိတယ်ဆိုပေမယ့် ဘယ်မှာလဲ၊ဘာပွဲလဲမမေးခဲ့ရတာကြောင့် မနက်စောစောထကာ အောက်ထပ်ဆင်းလာခဲ့သည်။ ခွင့်ယူရဖို့ဆိုရင် ဒီနှစ်ရက်လုံး ဂျူတီချိန်အစားယူရပေမည်။ အရေးမကြီးရင်တော့ လိုက်မသွားတော့ဘူးလို့ကို တွေးထားလိုက်သည်။

အန်တီ့အ‌ခန်းရှေ့အရောက်တွင် တံခါးခေါက်တော့ ဘာအသံမှမကြားရ။

“မရှိဘူးလားမသိဘူး”

ဧည့်ခန်းထဲဝေ့ရှာမိတော့‌လည်း အရိပ်အယောင်ပင်မတွေ့။

“အန်တီ အန်တီရေ”

“ဘာတုန်းအေ ထမင်းစားခန်းထဲမှာ လာခဲ့ချည်”

ပျောက်သွားပြီထင်နေတာ။ ထမင်းစားခန်းဘက်သို့သာ ဦးတည်လိုက်တော့သည်။

“မေးစရာရှိလို့အန်တီ အဲ့ဒီနေ့ကျ နွယ်မလိုက်လို့မရဘူးလား ဂျူတီချိန်ချိန်းဖို့က နည်းနည်းအခက်တွေ့လို့ပါ”

“ညည်းမလည်း တစ်ခါတစ်လေလေး ချိန်းတာပဲ ချိန်းပေးမှာပါ ပြီးတော့ ကိုမြင့်စိုးသမီးလေးပြန်ရောက်မှာလေ အဲ့ညကျ ပွဲလုပ်ပေးတဲ့သဘောပေါ့”

“ဟမ်!”

နွယ့်ရဲ့ ကော်ဖီခွက်ကလေးကတော့ မကွဲရုံတမယ် ချခံလိုက်ရသည်။ ငယ်လေး။နွယ်မူပိုင်လေး ပြန်လာပြီတဲ့။

“ဘာဖြစ်တာလဲ နွယ်နွယ်ရယ် ”

“ဘာမှမဖြစ်ဘူး အဲ့ညကျ နွယ်လိုက်မယ် ဂျူတီချိန်ကို တစ်ချက်ညှိကြည့်လိုက်မယ် နွယ်သွားပြီနော်”

“အော် ဒီကလေးမလေး ကော်ဖီမသောက်တော့ဘူးလား”

အန်တီ့အသံကခပ်ဝေးဝေးတွင်ကျန်ခဲ့ချေပြီ။ငယ်လေးပြန်ရောက်မယ်ဆိုတဲ့ စကားသံသာ နွယ့်နားထဲတွင် ရစ်ဝဲဝဲ။ တစ်ယောက်တည်းအထီးကျန်ခဲ့ရသော ကာလ၊ငိုကြွေးခဲ့ရသောအချိန်တွေ၊ ငယ်လေးကိုလွမ်းခဲ့ရတဲ့အချိန်တွေ လုံလောက်ခဲ့ပြီထင်တယ်။ ဒီအချိန်လေးကို သိပ်မျှော်လင့်ခဲ့ရတာမလား။သို့သော်ငြား--

အတွေးတစ်ခုကြောင့် နွယ်တစ်ယောက် ခြေလှမ်းတို့ပင် တန့်သွားရသည်။ အကယ်၍ ငယ်လေးကသာပြောင်းလဲခဲ့ပါရင်၊နွယ့်ကို မလိုအပ်တော့ရင် ဘယ်လိုလုပ်ရပါ့မလဲ။ အဲ့လိုတော့ မဖြစ်လိုက်ပါနဲ့ကွယ်။ဆုတောင်းရုံသာ။

မူပိုင်နှင်းဆီWhere stories live. Discover now