အပိုင်း(၃၁)

3.1K 244 3
                                    

Unicode

“မမနွယ်..ဘယ် မှာလဲ. အမေ”

“အစ်မရှိတယ် အစ်မကဒီမှာလေငယ်လေးရဲ့”

အသံကြားရာဆီ ကြည့်မိတော့အခန်းဝတွင် ရပ်နေသောမမနွယ်။ မျက်လုံးအိမ်တို့က မျက်ရည်အဝိုင်းသား။ ဝမ်းသာမျက်ရည်ဆိုတာ ဒါနဲ့တူပါရဲ့။ခပ်ဖျော့ဖျော့အပြုံးလေးက အေးချမ်းလှပါသည်။တော်ပါသေးရဲ့။

ဖြေစရာမဲ့နေသူ လူကြီးနှစ်ယောက်မှာလည်း နွယ့်ကိုမြင်တော့မှ သက်ပြင်းချကြရသည်။ နွယ်နေမကောင်းရက်နဲ့ ဘယ်လိုရောက်လာသလဲမသိ။ဒီကလေးတွေကို ထပ်မလှည့်စားပါတော့နဲ့ ကံကြမ္မာရယ်။ ပျော်ခွင့်ပေးလိုက်ပါတော့။

“နွယ်နွယ် သမီး ဒီလိုဘယ်လိုရောက်လာတာလဲ ဆေးသွင်းထားရတာမလား”

ဒေါ်လေးငွေက အနားလာကာကပ်တိုးလေးမေးသည်။နွယ်သတိရလာလာချင်း မျက်လုံးထဲမှာ ငယ်လေး အရေးပေါ်ဖြစ်နေတဲ့အခြေအနေကိုပဲ ပထမဆုံးမြင်မိသည်။ ဆေးသွင်းထားသော လက်မှဆေးအပ်အား ဆွဲဖြုတ်ပြီးပြေးလာခြင်းဖြစ်သည်။ ဖိနပ်တောင်မပါ။

“မဟုတ်မှ သမီး..”

“ဒေါ်လေးရယ် ငယ်လေးသိသွားပါဦးမယ် မပြောတော့နဲ့နော် နွယ်တကယ်ဘာမှမဖြစ်ပါဘူး”

“သမီးလည်း ငုဝါလေးနဲ့ စကားပြောချင်နေရောပေါ့သွားသွား ဒေါ်လေးတို့ခဏအိမ်ပြန်လိုက်ဦးမယ်”

“ဟုတ်ကဲ့ဒေါ်လေး ဂရုစိုက်ပြန်နော်”

“အေးအေး သမီး”

ကုတင်နားတဖြည်းဖြည်းလှမ်းလာကာ ငုဝါအနားတွင် ဝင်ထိုင်သည့်မမနွယ်။ ခပ်လျော့လျော့စည်းနှောင်ထားသော ဆံပင်နက်နက်တို့တွင်တော့ နှင်းဆီနီလေးရှိမနေ။ ကျလာတဲ့ ဆံနွယ်တို့ကို နားကြားညှပ်ရင်း မျက်ရည်တို့က တသွင်သွင်။

“မ.ငိုပါနဲ့ မမနွယ်~”

“ငိုမှာ ဘယ်လောက်ကြောက်ခဲ့ရတယ်ထင်နေလဲ~”

“သိပါတယ် ငုဝါတောင်းပန်ပါတယ် မမနွယ်ကို အကြာကြီး ခံစားရစေတယ်”

“ငယ်လေးခုလိုသတိရလာပေးတာနဲ့တင် လုံလောက်သွားပါပြီ”

“ဒါဆို မငိုနဲ့တော့နော်”

မူပိုင်နှင်းဆီWhere stories live. Discover now