အပိုင်း(၁၉)

2.5K 240 4
                                    

Unicode

ညနေစောင်းသည်အထိ ပြန်မလာသေးသူသမီးငယ်အား ဦးမြင့်စိုးတစ်ယောက်စိတ်ပူလို့နေပြီဖြစ်သော်လည်း ဒေါ်ငွေကတော့ ပုံမှန်ပေမို့ စိတ်မပူပေ။

" ငွေ ငွေ့သမီးကို လိုက်ခေါ်ဦး မိန်းကလေးတစ်ယောက်ကခုလောက်အချိန်ထိနေရလား"

"အစ်ကို ကျွန်မ​မျက်စိနောက်လာပြီ ထိုင်နေစမ်းပါရှင် အစ်ကို့သမီးကို နွယ်လိုက်ပို့မှာ နွယ်ကလေ ဟိုးအရင်ကတည်းက ငုဝါငယ်ကိုဆိုအရိပ်တကြည့်ကြည့်နဲ့မို့ စိတ်ပူမနေနဲ့"

"ပြောလိုက်ရင်အဲ့အတိုင်းချည်းပဲ နေနေ ကိုယ့်ဘာသာပဲသွားခေါ်တော့မယ်"

အိမ်ထဲကထွက်ရုံရှိသေး ခြံထဲကိုနင်းဝင်လာစက်ဘီးကြောင့် မျက်မှောင်ကျုံ့ကြည့်လိုက်မိသည်။ မှောင်ရီတရော အချိန်ကြောင့်ရော ရန်ကုန်မှာလို မီးလင်းမနေတာကြောင့် ဘယ်သူဘယ်ဝါမှန်းမသဲကွဲပေ။မျက်မှန်မတပ်ထားတော့ပိုဆိုးတာပေါ့။

"အဖေ့"

"သမီးငယ် ဘယ်အချိန်ရှိနေပလဲ။ မိန်းမပျိုလေးကဒီအချိန်အထိလျှောက်သွားနေရလား"

"ဖေဖေကလည်း ဘယ်မှသွားတာမှမဟုတ်ပဲ မမနွယ်တို့အိမ်ဆိုတာကလေ ငုဝါပိစိလေးကတည်းကသွားနေကျ ခုလည်းမမနွယ်လိုက်ပို့တာ မမနွယ်က ငုဝါကိုတစ်ယောက်တည်းပြန်မလွှတ်ပါဘူး"

ဟုတ်ပေသားပဲ။ သမီးငယ်ကို စိတ်ပူပြီး ဆူမိနေတာနဲ့ ဟိုကလေးပါလာတာတောင်မေ့သွားတယ်။

" ကျေးဇူးပါသမီးရယ် သမီးညီမလေးကိုဂရုစိုက်ပေးလို့"

"ဟို.. မလိုပါဘူး ဦးလေးရဲ့ ငုဝါဆိုတာက နွယ်စောင့်ရှောက်ရမယ့်ခလေးပါ"

ဒီစကားကြားတော့ ငုဝါငယ်တို့ မျက်နှာရှိန်းခနဲ။ ဘာတဲ့ စောင့်ရှောက်ရမယ့်ခလေးတဲ့။ လူကို ဘယ်လိုခစားစေချင်ပြန်သလဲ မမနွယ်။

"သမီးငယ် သမီးနွယ်ကိုအထဲခေါ်ခဲ့"

အဖေအိမ်ထဲဝင်ရင်းမှာသွားတော့ မမနွယ်အနားသွားရပ်ကာ ပြောမယ်ကြံတော့ ပုခုံးနားတွင်ပင်ရပ်နေသော မိမိအရပ်ကြောင့် မျက်မှောင်စုမိလိုက်သည်။ နှစ်နှစ်ကွာတယ်ဆိုပေမယ့် ခုလောက်ထိမပုသင့်ဘူးလေလို့။အသေးလေးလို့ မမနွယ်ခေါ်တာ မလွန်တော့ဘူး။ငုဝါက အရွယ်ကအဲ့နားတင်ရပ်နေတာကို။

မူပိုင်နှင်းဆီKde žijí příběhy. Začni objevovat