အပိုင်း(၁၀)

2.9K 218 2
                                    

Unicode

ဒီရက်ပိုင်းအတွင်း မမနွယ် ငုဝါကိုရှောင်ဖယ်ရှောင်ဖယ်လုပ်နေသည်။ငုဝါလည်း သူစိတ်ဆိုးအောင်ဘာအမှားမှမလုပ်မိပါပဲနဲ့။ကိုယ့်အမှားမဟုတ်ပဲ ရှောင်ဖယ်ခံရတော့ စိတ်ထဲမှာခံပြင်းမိသည်။ မေးရဲလားဆိုတော့လည်း မမေးရဲ။ကိုယ်မေးလိုက်မှ ပိုဆိုးသွားရင် ဒုက္ခ။ဒါပေမယ့် ဒီအတိုင်းပဲထားလိုက်လို့တော့ မဖြစ်။တစ်နည်းနည်းနဲ့ သိရအောင်လုပ်မှဖြစ်မယ်။

"တစ်ကယ်တည်း သူပဲစိတ်ဆိုးတတ်တာကျလို့ ငါလည်းဘာမှမလုပ်ရပဲနဲ့ မကျေနပ်ဘူး မေးကိုမေးမှရမယ်"

"ဘာမေးချင်သလဲ မေး"

"အမေ့!"

ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော မမနွယ်။ ပြီးတော့ နားရွက်နားကပ်ကာ ခပ်ရှရှအသံ တမင်လုပ်၍ မေးလာခြင်း။ဘယ်သူကမလန့်ပဲရှိမလဲလို့။

"ကြောက်တတ်ရန်ကော ငယ်လေးရယ် အစ်မကသရဲလား"

"အသံလေးဘာလေးပေးမှပေါ့ မမနွယ်ရဲ့ ရုတ်တရက်ကြီးမလန့်ပဲရှိမလား"

လန့်တဲ့လူကိုတောင် အပြစ်ပြောနေသော သူအားကြည့်ရင်း တကယ်ရော ငုဝါထက်အကြီးလားဆိုတာ ပြန်မေးရတဲ့အထိ။

"အမလေး စွာနေလိုက်တာကြည့်စမ်း"

နွယ့်အရှေ့ကအသေးလေးကို ကြည့်ရင်း တကယ် အသဲယားလာရသည်။လူကိုလည်း ကတ်ကတ်လန်အောင် ရန်တွေ့နေလိုက်ပုံများ ဘာကိုမကျေနပ်နေတယ်ဆိုတာတော့ နွယ်သိပါသည်။သို့သော် အဲ့အတွက်ဆင်ခြေပေးစရာ စကားတော့ ရှာမရသေး။

"စွာတော့မှာ ငုဝါငစွာပဲလုပ်တော့မှာ မမနွယ်ကအနိုင်ကျင့်လို့"

"ဘယ်လို အစ်မကအနိုင်ကျင့်တာလား"

"ဟုတ်တယ် ငုဝါကိုအရင်လိုလည်း ဂရုမစိုက်ဘူး တစ်ယောက်တည်းပစ်ထားတာတွေလည်း များနေပြီ ငုဝါကိုမချစ်တော့ဘူးလား"

"ဟင် ...အစ်မအဲ့လိုလုပ်မိသွားတာလား"

ဖြေပုံကြီးကိုလည်း ကြည့်ကြပါဦး ။သူကိုယ်တိုင်တောင်သတိမထားမိပါဘူးပေါ့ အဲ့လိုပုံစံမျိုး။ချစ်လားမေးတော့လည်း မဖြေဘူး။တကယ်မချစ်တော့ဘူးလား။ငုဝါစိတ်ထဲ ဝမ်းနည်းစိတ်က တိုးဝင်လာသည်။ သေချာအောင်ထပ်မေးမှာ။

မူပိုင်နှင်းဆီOnde as histórias ganham vida. Descobre agora