အပိုင်း(၉)

2.8K 230 0
                                    

Unicode

အရာရာကို နားလည်ချင်မိပါသည်။ ငုဝါငယ်ဆိုတဲ့ ကလေးမအပေါ် ဖြစ်တည်နေတဲ့ သူ့စိတ်ကို တိတိကျကျသိချင်မိသည်။ အရာရာမှားယွင်းတယ်ဆိုပြီး သတ်မှတ်ခံရမှာကြောက်လှပါသည်။ အကယ်၍များ ဒီခံစားချက်တွေက မရိုးစင်းခဲ့ရင် နွယ်ကိုယ်တိုင် ထိခိုက်မည်ထက် ဒီဘာအမျိုးအမည်မသိတဲ့ခံစားချက်တွေကြောင့် ငယ်လေးထိခိုက်မှာတော့ မလိုချင်ပါ။

ငယ်လေးဆိုတဲ့ ကလေးအပေါ် သူ့ခံစားချက်တွေ ဘယ်အတိုင်းအတာထိအောင် နက်ရှိုင်းမိခဲ့ပြီလဲ။ နက်ရှိုင်းလို့ရောဖြစ်ရဲ့လား။ မိန်းကလေးတစ်ယောက်ကို နောက်မိန်းကလေးတစ်ယောက်က ခံစားချက်တွေ ရှိလို့ရောရရဲ့လား။

"နွယ်နွယ် ဟဲ့နွယ်နွယ် အမလေးဟယ် တွေးနေလိုက်ပုံများငါရောက်လာတာတောင်မသိရှာဘူး"

နှင်းဆီပင်တွေ ဘေးရှိ တန်းလျားပေါ်တွင်ထိုင်ကာ အတွေးထဲနစ်မြောနေသည်မှာ ယုသွယ်ရောက်လာတာတောင်မသိလိုက်။သူငယ်ချင်းမ၏ အပြစ်တင်သံခပ်စူးစူး နားစည်လာရိုက်မှသာ အတွေးရေယာဉ်ကြောက ပျက်သွားရခြင်း။

"သူများအိမ်ကို စောစောစီးစီးလာပြီး အာကျယ်အာကျယ်နဲ့ ပြောနေတဲ့လူကိုရော ငါဘာလုပ်သင့်လဲ ကျောင်းလေးနှစ်ရက်ပိတ်တာ အိမ်လေးဘာလေးမနေဘူး ငါ့ကိုအဲ့လောက်တောင်လွမ်းလား"

"အမလေး အမလေး လာချင်လွန်းလို့များထင်နေသလား ငါ့ကို‌နှင်နေလိုက်တာများ မမမြတ်နဲ့ကို တိုင်ဦးမယ်"

"မမမြတ်ကငါ့ကို အရမ်းဆူတာကို ငါ့မမမြတ်က ငါ့ကိုအသေချစ်တာ မနာလိုဘူးမလားအဲ့ဒါကြောင့်သွေးထိုးချင်နေတာဟုတ်တယ်မလား ဟား...ဟား..."

"တော်ပြီ မလာချင်ပြန်မယ် အပိုလာပြောနတယ်"

"နင်ကလည်းစတာကို ငါလည်းသတိရနေတာပါဟ ထိုင်ဦး ငါမုန့်သွားယူခဲ့ဦးမယ်"

"အင်းမြန်မြန်လာ"

"အင်း"

မုန့်ယူရန် ခပ်သုတ်သုတ်ထွက်လာရင်း အလိုလိုခေါင်းအားအလုပ်ပေးမိသည်။ ယုသွယ်ဆိုတဲ့ သူငယ်ချင်းမက နွယ့်အတွက်တော့ နှစ်ယောက်မရှိတဲ့ တစ်ဦးတည်းသောသူငယ်ချင်း။
ဘယ်သူကမှ အပေါင်းအသင်းမလုပ်တဲ့အချိန် ယုသွယ်ဆိုတဲ့ကောင်မလေးကတော့ သူငယ်ချင်းလုပ်ကြရအောင်ဆိုပြီး လက်သေးသေးလေးတွေ ကမ်းပေးဖူးသည်။
မြနှင်းတို့ အုပ်စုအနိုင်ကျင့်တော့လည်း စွာလန်ပြီး ဝင်ကာရန်ဖြစ်ပေးသူ၊သူ့မှမုန့်တစ်ခုရှိလျှင် နွယ်ကတစ်ဝက်ပိုင်တယိဆိုပြီး မျှဝေဖူးတဲ့သူ၊ နွယ်နှင့်သူငယ်ချင်းလုပ်လို့ဆိုပြီး တစ်တန်းလုံးက မခေါ်တော့တာတောင် နွယ့်အနားဆက်ရှိပေးခဲ့သူ။

မူပိုင်နှင်းဆီNơi câu chuyện tồn tại. Hãy khám phá bây giờ