အပိုင်း(၂၇)

2.9K 224 3
                                    

Unicode

“မတွေ့ရတာကြာပြီနော် နွယ်”

“မင်း”

“မှတ်မိနေပေးတော့ တို့ဖြင့်ရင်တောင်ခုန်တယ်”

စကားပြောတာအတင့်ရဲလိုက်ပုံများ ဟိုးအရင်ကအတိုင်း။ ရဲတင်းလွန်းတာတွေ နွယ်မကြိုက်။ ခုလည်း ဆေးရုံအုပ်ကြီးရှေ့၊ယွန်းတစ်ယောက်လုံးပါ ရှိနေရက်နဲ့ ပြောရဲသည်။

“ဒေါက်တာတို့က သိနှင့်ပြီးသားလား ဒီလိုဆိုရင်ဖြင့် စိတ်ချပါရဲ့ကွယ်”

“ကျောင်းတုန်းက သိခဲ့တာပါ အရမ်းရင်းနှီးတာရယ်လည်း မဟုတ်ပါဘူး ဆရာကြီးရယ် ဒါပေမယ့် နွယ်တို့ကူညီပေးမှာမို့ စိတ်ချပါရှင်”

“ကျေးဇူးပါကွယ်”

နွယ့်ရဲ့စကားအသွားအလာကိုရိပ်မိပုံပေါ်သည့် ဆရာကြီးက ဘာစကားမှမဆိုတော့။ထိုမိန်းကလေးကတော့ နွယ့်ကို ဟိုးအရင်ကအတိုင်းကြည့်မြဲ။ ယွန်းက တံတောင်ဖြင့်တွတ်သည်။ အခန်းပြင်ရောက်မှသာ အေးအေးဆေးဆေးပြောရတော့မှာပဲ။

“ဆရာကြီး နွယ်တို့ ဂျူတီချိန်ပြန်ဝင်လိုက်ပါဦးမယ်ရှင် ခွင့်ပြုပါဦးနော်”

“ကောင်းပါပြီကွယ်”

အခန်းထဲက ပြန်ထွက်ဖို့ အလုပ်မှာပဲ စကားတစ်ခွန်းကြောင့် နွယ့်လက်တို့ လက်သီးဆုပ်မိသွားသည်။

“မာနကြီးတဲ့ ဒေါက်တာနွယ်က သူဌေးသမီးလေး အဲလေ သူဌေးမလေးကိုကြံနေရှာတာကို တွေ့မိသလောက်တော့ သိပ်လှတာပဲ”

နွယ့်ရဲ့ သည်းခံစိတ်ကိုတိုင်းတာနေတာ။ ဆရာကြီးအရှေ့မို့ မလုပ်ရဲလောက်ဘူးထင်လို့ ဖြစ်လိမ့်မည်။

“ဒီမှာ မင်း!”

နွယ့်ရဲ့ ပြန်ချေပမည်ဆိုတဲ့အစီအစဉ်လေး မဖြစ်ထွန်းလိုက်ရပါ။ ဆရာကြီး၏ဩဇာညောင်းလှသော အသံက ထွက်ပေါ်လာသည်မို့ နွယ်တို့ရှောင်လာခဲ့တော့သည်။

“ပိုးပိုး ဒါဆေးရုံ ငါ့သမီးဆိုပြီး အခွင့်အရေးရမယ်မထင်နဲ့ ဒါမင်းစီနီယာတွေချည်းပဲ စကားကိုဆင်ခြင်ပြော”

“ဒယ်ဒီ”

“ဒါဆေးရုံမို့ ဆရာကြီးပဲခေါ်ခွင့်ရှိတယ်”

မူပိုင်နှင်းဆီحيث تعيش القصص. اكتشف الآن