အပိုင်း(၂၉)

3K 231 9
                                    

Unicode

“ဘာလို့ရပ်လိုက်တာလဲမမနွယ် ဆက်ဆိုပါဦးလား”

“ဒီကြောင်ပေါက်လေးကရော အစ်မကြောင့်နိုးလာတာလား”

“ဟုတ်တယ်မမနွယ်ကြောင့် မမနွယ်ရဲ့ ချိုအီအီအသံလေးကြောင့်”

“ဒီကလေးကတော့”

မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်ရင်း စကားပြောနေသော ကလေးမကို နွယ် မျက်စိမလွှဲနိုင်အောင်ဖြစ်ရသည်။ ခေါင်းလေးခပ်ဖွဖွပုတ်ပေးတော့ အဖြူရောင်အပြုံးလေးချီကာ သီချင်းဆက်ဖို့ ဂျီကျတော့သည်။

//သူလာရင်နွေးထွေးခြင်းနဲ့
သူအလင်းမျှလိမ့်မယ်
ကိုယ်ဟာတစ်ယောက်တည်းလောက 
အလယ် ပြည့်စုံပြီ
သူ့အချစ်ကသိပ်လိုတယ်
အားနည်းချက်များကို
အရာရာဖြည့်ဆည်းဖို့
လူ့ဘဝကသိပ်တိုတယ်
အားလုံးတော့မပြည့်စုံနိုင်
အချစ်စစ်ဟာ
သူပေးတဲ့ အချစ်ရဲ့သဘော//

မမနွယ်ဟာ သူ့အရှေ့မယ် ခုလိုပုံရိပ်မျိုးနဲ့ တည်ရှိနေလိမ့်မယ်ဆိုတာ ငုဝါ လုံးဝမမျှော်မှန်းဖူးပေ။စိတ်ကူးတောင်မယဉ်ကြည့်ဖူးပါ။ မမနွယ်ဟာ ငုဝါတွေးထားတာထက် ပိုလို့ ချစ်ပေး၊မြတ်နိုးပေးပြန်သည်။ ကျေးဇူးပါမမနွယ်။ငုဝါက ပါရမီဖြည့်ဖက်ကောင်းဖြစ်ရပါစေ့မယ်။

“ကဲ ကလေးမလေး အိပ်သင့်ပြီနော် ဆေးသောက်ပြီးရင်တန်းအိပ်ရတာကို ထလာတယ် အင်း အစ်မမကောင်း..”

လက်ညိုးနဲ့နွယ့်နှုတ်ခမ်းအတားခံလိုက်ရသည်။မျက်ဝန်းဝိုင်းဝိုင်းတွေ ငယ်လေးဆီပို့မိသည်။ မျက်မှောင်ကျုံ့ထားသော မျက်နှာ့သေးသေးလေးနဲ့ဆုံရသည်။

“မမနွယ်က မကောင်းတာလို့ပြောမှာမလား။ငုဝါမကြိုက်လို့ မပြောရဘူး”

“ဟင် အင်းအင်း”

အယောင်ယောင်အမှားမှားဖြင့်ခေါင်းညိတ်မိသည်။ညချမ်းလေအေးပေမို့ အေးစိမ့်စိမ့်ရှိလှသည်။ ခုများတော့ ခြေဖျားတွေတောင်အေးချင်သယောင်ယောင် ဖြစ်ရသည်။

“အိပ်တော့မလား မမနွယ် ငုဝါဒီအပြင်မှာထိုင်လိုက်တာ ချမ်းလာသလိုပဲ”

ကြောင်အနေမိသော နွယ်တစ်ယောက် ခုမှအသိစိတ်ပြန်ကပ်တော့သည်။

မူပိုင်နှင်းဆီWhere stories live. Discover now