အပိုင်း(၂၅)

3K 229 8
                                    

Unicode

“ဒီကလေးမလေးကို မြင်ဖူးနေသလိုပဲ”

ဒေါ်မူယာတစ်ယောက် ငုဝါငယ်ကိုအရင်ပုံစံမဟုတ်တာကတစ်ကြောင်း၊နှစ်တွေကြာတာအပြင် အခြေအနေတွေကွာနေတာကြောင့်ပါ မမှတ်မိပေ။ငုဝါငယ်ကိုမမှတ်မိတာပဲပေါ့။

“နွယ်နွယ်”

ဘေးနားကြည့်မိတော့ နွယ်နွယ်မရှိတော့တာကြောင့် ထိတ်သွားရသည်။ မပြောမဆိုနဲ့ လုပ်လိုက်ရင်တော့လေ။ မမခင်တို့ဘက်ကြည့်မိတော့လည်း မျက်နှာအခြေအနေတွေက မဟန်တာကြောင့် ခုချိန်သာ သွားမိရင် စက်ကွင်းထဲ သူပါပါသွားနိုင်သည်။ မမခင်ဆိုတဲ့ အမျိုးသမီးက ဘယ်လိုဆိုတာသူအသိဆုံးပင်။

ဦဘမြင့်တစ်ယောက်ကတော့ သူ့မြေး၃ယောက်ကို ပြုံးပြုံးကြီး လိုက်မိတ်ဆက်ပေးနေတာ။ သိပ်မျှော်လင့်ရတဲ့ မျှော်လင့်ခြင်းတွေကို သူမရှိတော့ရင်တောင် ကျန်ခဲ့သူတွေကိုဆက်လက်ထိန်းသိမ်းစေချင်သည်။ ခင်မမတစ်ယောက်ကိုပဲစိတ်ပူမိသည်။ မနာလိုစိတ်က တအားအန္တရာယ်များတာကို။

“ဦးဘမြင့်တို့ကတော့ မြေးတွေကို သိပ်ချစ်တာပဲဗျာ ဒါနဲ့မောင်ဘုန်းစစ်က နိုင်ငံခြားမှာပဲ အခြေချတော့မှာလား”

“ဟိုကလက်ခွဲအားလုံးကို သားဘုန်းစစ်ကပဲဦးစီးနိုင်တာ ဒါကြောင့် ဟောဒီ့အဖိုးကြီးဒီလိုအေးအေးဆေးဆေးနေနိုင်တာပေါ့ဗျာ”

“ဦးဘမြင့်ကတော့ဗျာ ကျွန်တော်တို့လူငယ်တွေတောင်ဦးဘမြင့်ရဲ့ လုပ်ရည်ကိုင်ရည်ကို နည်းနည်းမှမမှီဘူး”

“မောင်ရင်တို့က ဒီအဖိုးကြီးကိုတယ်မြှောက်သကိုကွ ဟားဟား”

ရယ်မောသံတို့ဝေစည်နေတဲ့ ခန်းမကြီးအလယ် ငုဝါ တစ်စုံတစ်ခုကိုရှာဖွေနေမိသည်။ စိတ်ထင်တာလို့ပဲ ကောက်ချက်ချလိုက်ရမလား။ တကယ်ပဲ ခုနလေးတင်တွေ့လိုက်တာပါ။ ပွဲထဲရောက်တော့ ပျောက်ခြင်းမလှပျောက်သွားသည်။

“စိတ်ထင်တာပဲ နေမှာပါလေ”

“ဘာလို့လဲ မြေး စိတ်ကျဉ်းကြပ်နေပြီလား”

“မဟုတ်ပါဘူးဖိုးဖိုး ငုဝါ အသိတစ်ယောက်ကို တွေ့မိသလားလို့ မဟုတ်ဘူးထင်ပါတယ် ခုမတွေ့တော့ဘူး”

မူပိုင်နှင်းဆီWhere stories live. Discover now