အပိုင်း(၁၄)

2.4K 265 3
                                    

Unicode

ခုဆိုရင်တော့ နွယ်ရန်ကုန်ရောက်တာ၆လပြည့်ပါပြီ။တစ်လတစ်ခါ နှင်း‌ဆီတစ်ပွင့်နဲ့စာတစ်စောင်ကတော့ ပုံမှန်ရောက်လာစမြဲ။ စာရောက်တယ်ဆိုတဲ့ အသံကြားရုံနဲ့တင် နွယ် ပါးချိုင့်တွေပေါ်တဲ့အထိ ပြုံးမြဲ။ဒီစာလေးက လူထူးဆန်းအသေးလေးဆီကမို့ပေါ့။ဘယ်လိုလူကများ ခုလိုခေတ်ကြီးထဲ စာအပေးအယူလုပ်မှာတဲ့လဲ။သို့သော် အဲ့ကလေးကတော့ ချွင်းချက်။ပြန်စာထဲမယ် ဘာကြောင့်စာပဲရေးပေးပြီး စာပဲပြန်ခိုင်းနေတာလဲဆိုတော့

“မမနွယ်အသံကြားရင် ချက်ချင်းရွာပြန်ခဲ့လို့ ခေါ်မိမှာစိုးလို့ပါ”တဲ့လေ။

ကဲပြောဘယ်သူက မချစ်ပဲ နေနိုင်မတဲ့လဲ။အရွယ်ရောက်တဲ့တစ်နေ့ အမြန်ဆုံးရောက်စေချင်ပါပြီကွယ်။ထိန်းချုပ်ရတဲ့ စိတ်တွေ လွတ်လပ်ခွင့်ပေးချင်ပြီ ကလေးငယ်ရဲ့။

ကန်တင်းအတွင်း မနက်စာစားရင်း အသေးလေးအကြောင်းက တကူးတကမပင့်ဖိတ်ပါပဲအလိုလိုရောက်လာတာတော့ခက်သား။
ထိုစဉ် အတွေးစတို့အား အသံတစ်ခုက ဖျက်ဆီးလိုက်လေပြီ။

“ဟို ..ဒီက နွယ်ရူပါဟုတ်ပါတယ်နော်”

အသံလာရာမော့ကြည့်မိတော့ ပြုံးစစနှင့် ထိုမိန်းကလေး။ရွှေအိုရောင်ဆံပင်အကောက်နှင့် ထိုမိန်းကလေးက မြန်မာဆန်လွန်းတဲ့ နွယ် နှင့်တော့ တကယ့်ကို ဆန့်ကျင်ဘက်ပေ။

“ဟုတ်ပါတယ် ဘာလို့..လဲ မသိဘူး”

“အော် တို့နာမည်က ပိုးရတုမီပါ ယူနဲ့ တစ်တန်းတည်းကပဲ”

“အော် ဟုတ်ကဲ့ ဒါနဲ့ ဘာကိစ္စလည်းဆိုတာ သိခွင့်ရှိမလား မပိုးရတုမီ”

“ဟိုး..တို့က ယူ့ကိုခင်ချင်လို့လေ အတန်းထဲမယ် ဘယ်သူနဲ့မှလည်း စကားပြောတာမတွေ့မိလို့”

သူငယ်ချင်းဖြစ်ချင်လို့သာဆိုတယ်။ လူကိုတူသလား၊တန်သလား အကြည့်တို့က စိုးမိုးလျက်။နွယ်ရူပါဆိုတဲ့ မိန်းမကို ဒီအချိုးတော့ လာမချိုးလိုက်နဲ့။

“သူငယ်ချင်းမလိုအပ်လို့ပါ”

“ယူကအချေလေးပဲ တို့ကတော့ ယူနဲ့သူငယ်ချင်းပိုဖြစ်ချင်သွားပြီ”

မူပိုင်နှင်းဆီWhere stories live. Discover now