အပိုင်း(၁၇)

2.4K 230 4
                                    

Unicode

"မေမေပြောတာသူလေးလေ မေမေတော့ သဘောကျတယ် သားသဘောကရော"

"မေမေ ခဏလေး ဒီကလေးကိုလား ကျွန်တော်နဲ့စီစဥ်မှာ အသက်ကွာဟချက်ကိုလည်း ကြည့်ပါဦး ပြီးတော့ ကလေးပဲရှိသေးတယ် ဘယ်လိုတွေတွေးလိုက်ရတာလဲ မေမေ"

"ဘုန်းစစ်ပိုင်! လေသံကိုပြင်စမ်း ငါကမင်းအမေနော် စကားကိုပြင်ပြော"

"တောင်းပန်ပါတယ် မေမေ"

"အင်း ငါကလည်း ခုချက်ချင်းကြီးစီစဥ်ပေးမယ်မပြောဘူး အခြေအနေစောင့်ရင်း မင်းတို့ကိုရင်းနှီးစေချင်တာ"

"ကျွန်တော့်ဘက်ကတော့ ဟုတ်ပါပြီ အဲ့ကလေးဘက်ကရော"

"အို. ဒီ့အတွက်တော့ပူမနေနဲ့ ဟောဒီအဆင့်အတန်းအသိုင်းအဝိုင်းက ကမ်းလှမ်းတာ ဘာကိစ္စနဲ့ ငြင်းမလဲ"

"မေမေ့ကိုလေ တစ်ခုတော့ပြောမယ် စိတ်မရှိပါနဲ့ အရာရာကိုငွေနဲ့ဝယ်မရဘူးမေမေ အဓိကက နှလုံးသား၊စိတ်ဝိညာဥ်တွေကို ဝယ်လို့မရဘူး အဲ့ကလေးကို ငွေမက်တယ်ထင်နေပုံပဲ သူအခန်းထဲစဝင်ကတည်းက တွန့်ဆုတ်နေတာပဲတွေ့မိတယ် ဒီအဆင့်အတန်းကို တပ်မက်နေပုံမပေါ်ဘူးမေမေ"

"စကားတွေက တယ်ရှည်သကို ငါဆုံးဖြတ်တာကို လက်ခံ ဒါပဲ အချိန်တစ်ခုကို ငါစောင့်ဦးမှာ ထပ်ရှည်မလာနဲ့ "

"မဟုတ်.."

"ဘုန်းစစ်ပိုင်!"

"သွားလိုက်ပါဦးမယ် "

အခန်းထဲက ထွက်လာရင်း ပေါ့ပေါ့ပါးပါး တစ်ခါလောက် အသက်ရှင်ချင်စိတ်က ပြန်ဝင်လာရသည်။ဒါကြောင့်မို့ အလုပ်အကြောင်းပြကာ နိုင်ငံခြားမှာသာ နေခဲ့သည်။ခုလည်း ဘာကိစ္စမှ မယ်မယ်ရရမရှိပါပဲ အရေးကြီးလို့အမြန်ပြန်လာဆိုပြီး ဒီရောက်တော့ မဟုတ်တာတွေ ပြောတော့တာပဲ။ ငယ်ငယ်ကတည်းက နာခံခဲ့ရတာမို့ ဘာလုပ်ရမလဲတောင် မသိတော့။ အငယ်မလို ဇွတ်တရွတ်သာ လုပ်လိုက်ချင်တော့တာပါပဲ။

နွယ်တစ်ယောက်ကတော့ အိမ်ကိုချက်ချင်းပြန်လာဖြစ်တော့သည်။အန်တီတစ်ယောက်တည်းမို့ စိတ်မချတာရော ဟိုအိမ်ကြီးက အန်တီကြီးကို စိတ်တိုနေတာကြောင့်ရော နှစ်ခုပေါင်းကာ အမြန်သုတ်ချေတင်လာရခြင်း။

မူပိုင်နှင်းဆီحيث تعيش القصص. اكتشف الآن