အပိုင်း(၁၆)

2.6K 251 4
                                    

Unicode

“အန်တီ ဖွေး ဖျားနေလို့ဆို ငုဝါအခုမှသိလို့ရယ်”

“အေးကွယ် အအေးပက်တာပါကွယ် ရေအကြာကြီးချိုးလို့ဖြစ်တာလေ သမီးသူငယ်ချင်း အပေါ်ထပ်မှာရှိတယ် တက်သွားလိုက်နော် သားသူငယ်ချင်းကို လိုက်ပို့ပေးလိုက်နော်”

“ဟုတ်အမေ”

အပေါ်ထပ်တက်လာပြီး ထောင့်စွန်းအခန်းလေးရှေ့ ရပ်သွားကာ-

“ငုဝါ နင်ဝင်သွားလိုက်နော် အေးဆေးစကားပြောဦးပေါ့”

“အင်းပါ ”

အခန်းတံခါးဖွင့်မိတော့ အိပ်ယာထဲ မှိန်းနေသောဖွေး။ တော်တော်ဖျားနေပုံရသည်။ နဂိုကအသားဖြူသူမို့ မျက်နှာက အဖျားရှိန်ကြောင့်ခပ်ရဲရဲရယ်။

“ရာသီဥတုကခပ်အေးအေးကို ရေအကြာကြီးချိုးရလား ဖွေး”

အသံပြုမိတော့ မျက်တောင်တို့ ဖြတ်ကနဲ ပွင့်ဟလာသည်။ ပြီးတော့ ရောက်လာတာကိုအံ့ဩနေဟန်။

“နင်ဘာလို့လာတာလဲ ငုဝါရယ် ငါဖျားနေတာ အဖျားတွေကူးမယ်”

“ငါ့ကိုစိတ်ပူနေရမှာမဟုတ်ဘူး ခုကနင်ဖျားနေတာလေ ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့”

“ငါဂရုစိုက်ပါတယ်”

“ဒီလိုဆို အေးတဲ့ရာသီကြီးမှာ ဘယ်အရူးကရေအကြာကြီးချိုးသလဲပြော”

“ငါ့ရင်တွေပူလို့ ရေအကြာကြီးစိမ်ရင်ပျောက်မယ်ထင်လို့ပါ”

“ရင်ပူတယ် ဘာကြောင့်လဲ ဖွေး”

“ဟုတ်တယ် ငါ့ရင်တွေပူတယ် မိန်းကလေးတစ်ယောက်ကို သဘောကျမိနေလို့ ငါတကယ်ပူလောင်နေရတယ် မဖြစ်နိုင်တာထက် ဘာအခွင့်မှမရှိတာမို့ ငါ့မှာပိုပူလောင်ရတယ်ငုဝါ”

“ဖွေးရယ်နင်ကလည်း သူကမိန်းကလေးဖြစ်နေလို့ မဖြစ်နိုင်တာလား”

“ဟင့်အင်း သူ့မှာက ငါ့ထက်ပိုရမယ့်လူကရှိနှင့်ပြီးသားပါ ငါဖွင့်မပြောတော့ဘူး”

“သူသိရအောင်တော့ပြောသင့်တယ်မလား ငါသာဆိုပြောမှာ”

ဒီစကားကို ပြောနေချိန် ငုဝါဟာ ခပ်ဆွေးဆွေးလေးငေးလို့။ ပြောမယ့်လူက ငါမဖြစ်ဘူးမလားငုဝါ။ဒါကိုသိနှင့်ပြီးသား ငါကဘယ်လိုမျက်နှာပြောင်တိုက်ပြီး ပြောရပါ့မလဲ။

မူပိုင်နှင်းဆီWhere stories live. Discover now