အပိုင်း(၆)

3.1K 235 0
                                    

Unicode

ငုဝါငယ်ဆိုသည့် ကလေးမလေးက နွယ်ရူပါအတွက်တော့ တန်ဖိုးဖြတ်မရလောက်တဲ့အထိ တပ်မက်မိတဲ့ အရုပ်ကလေးတစ်ရုပ်လိုပင်။သိပ်ကိုပိုင်ချင်ပြီး ဆုံးရှုံးရမှာလည်းသေအောင် ကြောက်ရသည်။
ဒီအရုပ်ကလေးအား တစ်နေကုန်တစ်နေခန်း ထိုင်စနေရမည်ဆိုရင်တောင် စနေနိုင်သည်။ငယ်လေးသာ ဖြစ်ဖို့လိုသည့်ပေါ့။

"မမနွယ် ဟိုမမမြနှင်းတို့ အရင်လို အနိုင်ကျင့်သေးလားဟင်"

"အရင်လို ငယ်ငယ်လေးတွေမှမဟုတ်တော့ပဲ သည်းမခံနိုင်တော့ရင် ပြန်တုံ့ပြန်မှာပေါ့"

"ဟုတ်တယ် ငုဝါတစ်ယောက်လုံးရှိတယ် ပြန်ပြောပစ်"

"ဟုတ်တာပေါ့ ကမ္ဘာ့ဗလကြီးတစ်ယောက်လုံးရှိတာ မကြောက်ပေါင်"

"မစနဲ့နော် အတည်ပြောနေတာကို"

"စလို့ကောင်းအောင်မနေနဲ့လေ"

"တော်ပြီ တော်ပြီ မပြောတော့ဘူး"

"ဟားဟား အစ်မနိုင်တယ်"

ကျောင်းပိတ်ရက်တိုင်း မမနွယ်ဆီလာရတာ အကျင့်တစ်ခုလိုပင်။အိမ်မှာ မနေနိုင်သည်မို့  မေမေကတောင် အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားပြီးအိမ်ပေါ်ကကန်ချခံထားရတာလား လို့တောင်ပြောနေပြီ။ ဒါပေမယ့် ကိုယ်မှမနေနိုင်ပဲ။ ကိုကိုကြီးရှိချိန်တော့ မလာပါ။ ကိုကိုကြီးကအရင်လိုမဟုတ်တော့ပါဘူးဟု ဘယ်လိုပင်ပြောပြောပါ ငုဝါငယ်တို့ကကြောက်ပါသည်။ရှောင်လည်းရှောင်ပါသည်ပေါ့။ ယခုတောင် ကိုကိုကြီးမရှိသည့်အချိန်မို့ ရောက်နေတာ ဖြစ်သည်။

"ငယ်လေးနဲ့နွယ်နွယ်"

"ရှင်×2"

"လာလာ မုန့်လာစားချည်"

"ဟုတ်×2"

"မမမြတ်က သိပ်ချစ်ဖို့ကောင်းတာပဲ ငုဝါလာတိုင်း မုန့်လုပ်ကျွေးတယ်"

"အဲ့ဒါမို့လာတာမလား မမမြတ်ကမုန့်တွေ လုပ်ကျွေးတော့ လာလာစားတာအငတ်လေး"

"မမနွယ်!"

"ဟုတ်တာပြောတာ"

"ကဲကဲရန်မဖြစ်တော့နဲ့ နွယ်လေး မစနဲ့တော့ ခလေး"

မူပိုင်နှင်းဆီWhere stories live. Discover now