အပိုင်း(၁)

10.5K 369 7
                                    

Unicode

ကျောင်းဝတ်စုံ အဖြူအစိမ်းလေးတွေနှင့် ‌ကလေးတွေက လွန်စွာချစ်ဖွယ်ကောင်းလျက်။
ထိုထဲတွင်တော့ အရပ်ရှည်ရှည် ဆံပင်ဂုတ်ဝဲလေးထက် နှင်းဆီနီလေးတစ်ပွင့်နှင့် ကလေးမလေးလက်ကို ဖြူဖြူသေးသေး နှစ်ထပ်ကေလေးနှင့်ကလေးမလေးက လိုက်ဆွဲကာ..

"မမနွယ် ခ‌နနေပါဦးဆို"

"ဘာလို့လဲ ငယ်လေးကလဲ မမအတန်းထဲသွားတော့မှာလေ"

"မမနွယ်ကအဲ့အတန်းကိုဒီရွှေ့လာလို့မရဘူးလား"

မျက်လုံးဝိုင်းလေးတွေနှင့်မေးလာသည်မို့ အသဲတယားယား ရီတော့မရီရက်ပါ။

"မမက ဟိုးမှာတွေ့လားအဲ့အခန်းလေးတင်သွားမှာ ငယ်လေးကပိစိလေးလေ အခုမှကျောင်းစတက်တော့ဒီမှာပဲထိုင်ရမှာ မမနဲ့လိုက်လို့မရဘူး"

မျက်ရည်တွေဝိုင်းရင်း ဆွဲထားတဲ့လက်ကိုပိုမိုတင်းကြပ်လိုက်တာကသိသိသာသာ။

_အင်းကြောက်မှာပေါ့ငါ့တုန်းကလည်းမမမြတ်ကိုဆွဲထားတာပဲကို-

"နေ့လည်ကျမမက ငယ်လေးကိုလာခေါ်မှာပေါ့လို့ ခုတော့ လိမ္မာတဲ့ခလေးက စာသင်လိုက်ပါဦး ဝလုံးတောင်မရေးတတ်ခဲ့ရင် မမသူငယ်ချင်းတွေက လှောင်လိမ့်မယ်"

"ဘာလို့လှောင်မှာလဲ လှောင်တာကြီးကဘာလဲဟင်"

"အဲ .."
-ငါဘယ်လိုရှင်းပြရပါ့ ငါလည်းမရှင်းတတ် ဘူးလေ-

"ဟင်လို့"

"လိမ္မာရင်ပြောပြမယ်လေ ကျောင်းအရင်တက်ရအောင်နော်"

"ဟုတ်ကဲ့ သမီးကမမနဲ့အတူတူစာသင်ချင်တာကို"

"အခုလဲ အတူတူသင်ရတာပဲလေ အခန်းလေးလည်းမျက်နှာချင်းဆိုင်လေး"

"ဟုတ်"

"နေ့လည်ကျမမလာမယ်နော်"

မျက်နှာငယ်လေးနဲ့ခလေးငယ်အား ထားခဲ့ပြီး ထွက်လာရသည်။ မိမိတုန်းကလည်း ထိုကဲ့သို့ပင် ငိုမဲ့မဲ့နှင့်နေခဲ့ရသည်သာ။

"နောက်ကျမကြောက်‌လောက်တော့ပါဘူးငယ်လေးရာ"

နေ့လည်ထမင်းစားဆင်းတော့ ငယ်လေးအတန်းဆီ
ပြေးရသည်။ ခလေးငယ်ကတော့ ငုတ်တုတ်လေးပင်။ ကြောက်နေသည့်ခလေးက သူ့ကိုတော့မျှော်နေပုံရပါသည်။

မူပိုင်နှင်းဆီWhere stories live. Discover now