အပိုင်း(၂၀)

2.6K 229 9
                                    

Unicode

"ငါ့တူကိုတော့ ပြောဦးမှပါ"

"အန်တီရယ် ကလေးတွေ လွတ်လွတ်လပ်လပ် ပျော်နေကြတာကို အန်တီ့အထင်လွဲစိတ်လေးတစ်ခုအတွက်နဲ့တော့ မဖျက်ဆီးလိုက်ပါနဲ့ အန်တီထင်သလိုဟုတ်ပါမယ်လို့ ဘယ်အရာကများ အာမခံနေလေလို့ ခုလိုတစ်ထစ်ကျကြီးပြောနေရတာတုန်း"

"လူကြီးကို မြတ်မြတ်"

"မြတ်တောင်းပန်ပါတယ်အန်တီ ကလေးတွေကို အဲ့လိုအတွေးတွေနဲ့ အရောင်မခြယ်ပစ်လိုက်ပါနဲ့ရှင်"

"ညည်းနဲ့တော့ တကယ့်ကိုခက်တာ"

အဲ့ဒီညပြီးကတည်းကအန်တီဟာ မြတ်ကိုသိပ် စကားမပြောချေတော့။ အန်တီ့သဘောကို ရိပ်စားမိတာမို့ သဘောတကျ ​မြတ်ဘက်ကသာ ရှောင်နေပေးလိုက်သည်။မြတ်အမြင်မကြည်ခံရပေမယ့် ကိုကိုကြီးကို ဘာမှမပြောတာပဲ ကျေးဇူးတင်နေရသည်။

"မြတ်မြတ် အန်တီနင့်ကို စိတ်ဆိုးနေသလား"

"မဟုတ်ပါဘူး ကိုကိုကြီးရဲ့ အန်တီနဲ့အဆင်ပြေပါတယ်"

"အေးပါ ဒီလိုဆိုလည်း ပြီးတာပါပဲ"

"ဟုတ်ကဲ့"

"မလေး ငုဝါတို့ ရန်ကုန်ပြောင်းကြတော့မယ် မြတ်မြတ် နင်သိပြီးပလား"

"ရှင် မလေးကဘာမှမပြောဘူး မနေ့ညကဘုန်းကြီးကျောင်းအတူတူသွားတာပဲကို"

"ငါလည်း ဒီမနက်ရယ်မှပါ ဦးမြင့်စိုးဆီ ပွဲရုံကိစ္စကြောင့် သွားတာအဲ့လိုပြောလိုက်တယ် အစကတော့ ဒေါ်လေးနဲ့ငုဝါကငြင်းနေတာတဲ့ ခုကျ ငုဝါရဲ့ကျောင်းကိစ္စကြောင့်လက်ခံလိုက်တာတဲ့ ငါ့အထင်တော့ ဦးမြင့်စိုးတို့ မိသားစုကသာမန်တော့မဟုတ်လောက်ဘူး"

"နွယ်လေးရော သိပြီးပြီလားမသိဘူး "

"အဲ့ဒါတော့ ငါလည်းမသိဘူး"

"ငုဝါတို့ရဲ့ မိသားစုကသာ ကိုကိုကြီးပြောသလိုဆို မြတ်တို့နဲ့ မိုးနဲ့မြေဖြစ်တော့မှာနော် ခက်ပါတယ်"

"သူ့ဘာသာချမ်းသာတော့ရော ငါတို့နဲ့ ဘာသက်ဆိုင်မှတ်လို့ ဘာခက်ပါတယ်လုပ်နေပြန်တာလဲ"

"ကိုကိုကြီးမသိပါဘူး"

သက်ပြင်းရှည်တစ်ချက်မှုတ်ထုတ်လိုက်ရင်း ခေါင်းသာရမ်းနေမိတော့သည်။ ကိုယ့်ဝမ်းနာကိုယ်ပဲသိတယ် ကိုကိုကြီးရဲ့။

မူပိုင်နှင်းဆီWhere stories live. Discover now