အပိုင်း(၂၂)

2.3K 203 5
                                    

Unicode

နွယ်ဒီတစ်ခေါက်ရန်ကုန်ရောက်လာရတာ အသက်မဲ့နေသလိုလိုသာ ဖြတ်သန်းသည်။ နဂိုအနေအေးတဲ့သူမို့မသိသာပေမယ့် အေးစက်သွားတဲ့ ပုံစံကတော့ မတူကွဲပြားလျက်ရှိသည်။

အန်တီနဲ့လည်းစကားသိပ်မပြောဖြစ်။ နွယ့်ဘက်ကရှောင်နေဖြစ်တာများသည်။ဒီနေ့တော့ ဆိုင်မသွားပဲ အိမ်မှာရှိနေတာမို့ ကျောင်းစောစောသွားဖို့သာပြင်လိုက်ပြီးဆင်းလာခဲ့သည်။

ဧည့်ခန်းရှေ့အဖြတ်တွင်တော့ ဟန့်တားသံက ဖိတ်ခေါ်စရာပင်မလို။ ဒီတစ်ခါ ဟန့်တားသံကတော့ သိပ်စွပ်ဖက်နေသလိုခံစားရ၏။

“နွယ်နွယ် ဒီနေ့ ကားယူမသွားနဲ့ မောင်ဘုန်းစစ်ဝင်ခေါ်လိမ့်မယ်”

နွယ်တကယ်သည်းမခံနိုင်တော့ပါ။ သူ့သဘောကျနေပေးနေတာကိုပင် ခုလည်း ဇာတ်လမ်းကထွင်ပေးချင်နေပြန်သည်။

“ဘာကိစ္စကြောင့်လဲ အန်တီ နွယ်ကသူ့ကားဘာကိစ္စလိုက်စီးရမှာလဲ”

“ဝင်ကြိုပေးမယ့်လူက ဝင်ကြိုပေးမယ့်ကိစ္စညည်းကဘာဖြစ်နေပြန်သလဲ”

“သူ့ဘာသာအားလို့လာကြိုတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်နွယ်မှသဘောမကျတာ ”

“နွယ်ရူပါ”

လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထားရင်း အံကြိတ်မိသည်။ဒီပြသနာထဲ နွယ်ဘယ်လောက်ကြာအောင်နေနေရမှာလဲ။ ဘယ်လိုဖြစ်ဖြစ် နောက်ထပ်၃နှစ်၄နှစ်လောက်ပဲ သည်းခံနိုင်ရင် ဖြစ်တယ်။

“သွားပေးရင် ရပြီမလား”

“အေး”

အိတ်ယူကာ ဧည့်ခန်းထဲတွင်သာ ဝင်ထိုင်နေလိုက်တော့သည်။ တစ်ခါထဲရှင်းအောင်တော့ ပြောလိုက်ဦးမှ။ ဘယ့်နှယ် ပိုင်စိုးပိုင်နင်းနဲ့ လာကြိုတယ်တဲ့။ရာရာစစ။

ကားတစ်စီးရပ်သံနှင့်အတူ အန်တီ့ရဲ့ရွှန်းရွှန်းဝေနေသော မျက်နှာထားနဲ့ ကြည်နေသောအသံတို့က ရောက်လာပါတော့သည်။ တတ်နိုင်လိုက်ပုံများ။

“မောင်ဘုန်းစစ်ရယ် သားညီမလေးကို တကူးတကဝင်ခေါ်ပေးတာကျေးဇူးတင်ပါတယ်ကွယ် သမီးနွယ်နွယ် ပြောလိုက်လေ”

မူပိုင်နှင်းဆီWhere stories live. Discover now