Unicode
ဒီနေ့ Medical Checkup လုပ်ဖို့ရှိတာမို့ ဖိုးဖိုးဦးဘမြင့်တို့အိမ်ကြီးဆီ နွယ်ထွက်လာခဲ့သည်။ ဒါပြီးမှပဲ ဆေးရုံဂျူတီတန်းဝင်လိုက်ရင် ကွက်တိပဲမို့ မနက်စောစောလေးသာထွက်ခဲ့လိုက်သည်။ မနက်စောစောသာဆိုတယ် ၈နာရီကဖြင့်ကျော်နေချေပြီ။
ခြံရှေ့ရောက်တော့ နွယ့်ကားမြင်တာနှင့် တံခါးတန်းဖွင့်ပေးတာကြောင့် အထဲသို့သာ တစ်ခါထဲ မောင်းဝင်လာခဲ့သည်။ အသက်ကြီးတဲ့လူတွေအများစုရှိတာမို့သာ နွယ်လက်ခံလိုက်တာ ဒီအလုပ်ကို။ ဖိုးဖိုးဦးဘမြင့်ကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါတာပေါ့လေ။
“နွယ်နွယ်အဲ.. ဒေါက်တာတောင်လာပြီကို”
“ဟုတ်တယ်ဒေါ်ကြီးကဈေးလား နွယ်နွယ်ပဲခေါ်ပါဒေါ်ကြီးရဲ့ရပါတယ်”
“အေးပါကွယ် နွယ်နွယ်ပဲကောင်းပါတယ်နော့”
“ဟုတ်တာပေါ့ရှင်”
နွယ့်ကိုငှားတဲ့အထဲမယ် ဒီအိမ်က အလုပ်သမားတွေအဖို့ရာမပါပေမယ့် ဒေါ်ကြီးတို့လို အသက်ကြီးသူတွေအဖို့တော့ နွယ်ကုသိုလ်ယူဖြစ်ပါသည်။ ဒါကြောင့် ဒေါ်ကြီးကနွယ့်ကိုဆို သိပ်ချစ်ပါပဲ။
“ဟင်မမနွယ် ”
ဧည့်ခန်းရှေ့အရောက် ခေါ်သံကြောင့်လှမ်းကြည့်မိတော့ အိပ်ချင်မူးတူးနှင့် လှေကားထိပ်တွင် ရပ်နေသော နွယ့်မူပိုင်။ ဒီကလေးမကတော့ နွယ့်ကို ရုန်းမထွက်နိုင်အောင်ပုံစံအမျိုးမျိုးနဲ့ကို ချည်ပါသည်။ ကိုယ်တိုင်ကရုန်းမထွက်ချင်တာလည်းပါပါလိမ့်မည်။
“ငယ်လေး ညကဒီမှာအိပ်တာပေါ့”
“ဟုတ်တယ်ဖိုးဖိုးက မပြန်နဲ့ဆိုလို့ မမနွယ်ကအစောကြီးပဲ ငုဝါကနေ့လည်လောက်မှလာမယ်ထင်တာ”
“နေ့ခင်းကျတော့ ဂျူတီရှိတယ်ငယ်လေးရဲ့ ဖိုးဖိုးတို့ကို ငယ်လေးပဲ တစ်ချက်သွားအသိပေးပေးနော် အစ်မရောက်နေပြီဆိုတာ ဧည့်ခန်းထဲကပဲစောင့်နေလိုက်မယ်”
“ဟုတ်ကဲ့ မမနွယ်”
ထွက်သွားသော ကျောပြင်ငယ်သေးသေးလေးအားကြည့်ရင်း နွယ့်မှာ ပြုံးစစဖြစ်ရပြန်သည်။ ဒီကလေးကို ချစ်ရတဲ့ချစ်ခြင်းတွင် မြတ်နိုးခြင်းကသာပိုလို့သာခဲ့မည်။ ဧည့်ခန်းထဲတွင်သာ ထိုင်စောင့်နေရင်း လုပ်စရာရှိတာလုပ်နေလိုက်သည်။
YOU ARE READING
မူပိုင်နှင်းဆီ
Romanceအချစ်ဆိုတာမသိရှိသေးခင်အရွယ်ကတည်းကမြတ်နိုးစွာဖြစ်တည်ခဲ့သော ချစ်ခြင်းတစ်ခု။