အပိုင်း(၂၁)

2.3K 203 7
                                    

Unicode

ငုဝါကိုကာကွယ်ပေးတာ ဒီနည်းအပြင်မရှိတော့လို့လား မမနွယ်။ သိပ်အသဲမာတဲ့မိန်းမ။ငိုနေတဲ့ငုဝါကို တစ်ချက်တောင်လှည့်မကြည့်ပဲ ထွက်သွားဖို့ နှင်ခဲ့တယ်။မမနွယ်ကို စိတ်မဆိုးနိုင်ပဲ ဝမ်းနည်းဖို့လောက်ပဲသိတဲ့ ဟောဒီက နှလုံးသားတစ်စုံကိုလည်း ဖောက်ထုတ်ပစ်လိုက်ချင်ပါတယ်။

မမနွယ်ရဲ့သဘောအတိုင်း ဒီနှင်းဆီတွေဝေနေတဲ့ ခြံကျယ်ကြီးကို ကျောခိုင်းခဲ့ပါတယ်။
ဒီပြည့်ကျပ်လွန်းနေတဲ့ ခံစားချက်တွေက ဘာတွေ ဆိုတာ ငုဝါခွဲခြားမသိရှိပါ။ မီးလိုပူပြင်းတာတစ်ခုကလွဲလျှင် ငုဝါမသိရှိ။

မျက်နှာကို အတတ်နိုင်ဆုံးပြင်ကာ ဘုန်းကြီးကျောင်းသွားဖို့ လူစုထားသော ငုဝါတို့ခြံထဲသို့ ဝင်လာခဲ့သည်။ ငိုထားတဲ့အရှိန်ကြောင့် နဂိုအသားဖြူသူငုဝါအဖို့ မျက်နှာနီဆွေနေမှာ မလွဲဧကန်။ ဒါ့ကြောင့် ဘယ်သူ့ကိုမှ နှုတ်ဆက်မနေပဲ အိမ်ထဲသို့သာ တန်းလျှောက်ခဲ့တော့သည်။

"သမီး ငုဝါ ဘာဖြစ်လာတာလဲ"

"ငုဝါတို့ ဒီကပြောင်းရအောင်နော်"

"အစမရှိအဆုံးမရှိ အမေ့ကိုပြော ဘာဖြစ်လာတာလဲ အမေသိမှ သမီးခက်ခဲတာဆို ပြေလည်အောင် အမေလုပ်ပေးနိုင်မှာပေါ့ ကြောက်စရာမလိုဘူး ပြောလို့ရတယ်"

"ငုဝါ ကြောက်တယ်အမေ မိန်းကလေးချင်းချစ်လို့မရဘူးမလားဟင် "

"ဟင်"

"ငုဝါက မျိုးတူမိန်းကလေးတစ်ယောက်ကို ချစ်မိရင် ဒါဟာအပြစ်မြောက်လားဟင်အမေ ငုဝါကြောက်တယ် "

"ဒီအရွယ်တွေဆိုတာက စိတ်ကစားနိုင်တာမို့ မသေချာလောက်သေးဘူး သမီးစိတ်ကစားတာလည်း ဖြစ်နိုင်တယ်လေ"

"ငုဝါစိတ်ကစားတယ်ပဲထား ပြစ်မှုမြောက်လားသိချင်တယ်"

" လူတစ်ယောက်နဲ့တစ်ယောက်အမုန်းပွားနေကြတာမှမဟုတ်ပဲ အပြစ်လို့ဘယ်ဆိုလို့ရပါ့မလဲ"

"ငုဝါနားမလည်ဘူးအမေ"

"နောက်တော့ သမီးနားလည်မှာပေါ့ကဲ သွားရအောင်ထ"

"ငုဝါမလိုက်ချင်ဘူး နေမကောင်းလို့လို့ပြောပေးနော်"

"မငိုနဲ့တော့ တိတ်တော့ အမေလည်းမသွားတော့ဘူးဟုတ်ပြီလား"

မူပိုင်နှင်းဆီWhere stories live. Discover now