အပိုင်း(၂၃)

2.4K 214 6
                                    

Unicode

အချိန်အားဖြင့်၇လကျော်အထိငယ်လေးသတင်းလည်း ဘာမှမကြားရ။ မမမြတ်ကိုမေးတော့ ရန်ကုန်ပြောင်းသွားပြီတဲ့။ လိပ်စာမရှိသည့် အခြေ‌အနေမှာ ဒီမြို့ထဲ ဘယ်လိုများလိုက်ရှာရမလဲ။ မမမြတ်ကတော့ပြောရှာသည်။ ငယ်လေးတို့က အရမ်းချမ်းသာတဲ့မိသားစုကတဲ့။ နွယ်တို့နဲ့တော့ မိုးနဲ့မြေပေါ့လေ။ နွယ့်ရဲ့ နှလုံးသားလေးက အေးချမ်းနေမယ် မျှော်လင့်မိပါသည်။ ဒီကလေးကို သိပ်မြတ်နိုးရတာမို့ပါ။

“ကလင် ကလင်”

အတွေးတို့ကလေနှင်ရာလွင့်နေစဉ် ဖုန်းသံကြောင့် ပြတ်တောက်ချေပြီ။ Contact name ကြောင့်မကိုင်လို့လည်းမဖြစ်။

“ဟယ်လို အန်တီ”

“နွယ်နွယ် အန်တီ့အခန်းထဲမယ် စားပွဲပေါ်မှာတင်ထားတဲ့ စာအိတ်လေးရှိမရှိ ကြည့်ပေးပါဦး”

“ဟုတ်ကဲ့”

အခန်းအတွင်းဝင်သွားလိုက်တော့ စားပွဲပေါ်တွင်တင်လျက်သားရှိနေသော ထိုစာအိတ်။

“တွေ့တယ်”

“ ‌တော်ပါသေးရဲ့ အန်တီ့မှာပျောက်ပြီထင်တာ အဲ့ဒါလေးကို အန်တီခင်တို့အိမ်လာပို့လှည့်နော်”

“မလာချင်ဘူးအန်တီ”

“အရေးကြီးလို့ခိုင်းတာ မြန်မြန်လာ”

“ကျစ်”

စုပ်တစ်ချက်သတ်လိုက်ရင်း ဖုန်းသာချလိုက်တော့သည်။ အဲ့ဒီအိမ်ကို ထပ်ပြီးတော့လား။

ကားယူကာ ထွက်လာပြီးနောက် အချိန်အနည်းငယ်အကြာတွင်တော့ ထိုအိမ်ကြီးသို့ရောက်လေသည်။

“တော်တော်ရေစက်ပါပုံရတယ် ကောင်းတဲ့ရေစက်တော့ဟုတ်ပုံမရဘူး”

တစ်ကိုယ်တည်းရေရွတ်မိသည်။တံခါးဖွင့်ထားသည်မို့ အထဲသို့သာ တန်းမောင်းခဲ့လိုက်သည်။ ကားနှစ်စီးလောက်ရပ်ထားတာကြောင့် ဧည့်သည်ဟာ ကိုယ်တင်မဟုတ်လောက်တော့ပေ။ထိုစဉ် အိမ်ကြီးထဲမှ ထွက်လာသော မိန်းမရွယ်တစ်ဦး။

“ညီမလေး မမကြီးဆီလာတာမလား အစ်မနောက်ကလိုက်ခဲ့နော်”

နွယ်ဒါ့ကြောင့် ဒိအိမ်ကို ထောင်နဲ့တူတယ်လို့ပြောတာပေါ့။ တကတည်း အဆင့်ဆင့်နဲ့။

မူပိုင်နှင်းဆီWhere stories live. Discover now