Part - 14

8.7K 681 12
                                    

(Unicode)

/ ဘုရားရေ ဘွားတော်က ငါတို့ဦးခန့်ကို ဘယ်လိုတောင် ပြောချလိုက်တာလဲ/

/ တွေ့လား၊ သောက်လုံးတွေ မြင်အောင်ကြည့်ကြ၊ ငါတို့မင်းသားက ဘန်ကောက်မှာတဲ့/

/ အဲ့တာက သတင်းအမှား၊ တကယ်တော့ နေခလေးက ကျွန်မနှလုံးသားထဲမှာ ဝါးဟားဟား/

/ နေခရဲ့အမေက အဲ့သည့်လို အဆင့်အတန်းခွဲတတ်တာလားဟယ်၊ ဟဲ့ကောင်မတွေ ငါတော့ သည်နေ့ကစပြီး ထက်ဦးခန့် fan နော် နင်တို့ နေခကို anti ပြီ/

/ သည်လိုကောင်မမျိုး ငါတို့ fandom ထဲက ထွက်သွားလိုက်စမ်းပါ/

/ အမလေး fandom ကြီး သန့်သွားပြီ/

ဒေါ်မေခ၏အင်တာဗျူးသည် မိနစ်အနည်းငယ်အတွင်း သတင်းရေးခြင်း ခံနေရပြီ။ ထိုအင်တာဗျူးကြောင့် နေခ၏အမေက အတော်မောက်မာပါလားဆိုပြီး Fan တချို့၏ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။

/ သည်လိုအဆင့်အတန်းမရှိတဲ့နေရာဆိုတာ ဘာအဓိပ္ပာယ်လဲ အဒေါ်ကြီး၊ ဒါထက်ဦးခန့် fan တွေကို ပေါ်တင်စိန်ခေါ်လိုက်တာလား/

/ ငါတို့ အစ်ကိုကြီးနောက်ကို သူ့သားက ကောက်ကောက်ပါနေလို့ ပူလောင်နေတာလား အဘွားကြီး/

/ Barမှာ သီချင်းဆိုတဲ့ကောင်လေးလောက် သူ့သားက အချစ်မခံရတော့ လောင်ပြီပေါ့/

/ နေပါဦး အစ်မတို့၊ သည်အခြေအနေလေးကို Fanfic လေး တစ်ပုဒ်လောက်မဖန်တီးချင်ဘူးလား၊ Bar က အဆိုတော်ကောင်လေးဆီမှာ နိုင်ငံကျော်မာနခဲမင်းသားကြီးက B ထိုင်လိုက်ရတာတို့ ဘာတို့လေ/

/ လုပ်လိုက်စမ်းပါ/

/ ရှင်ပဲ ဖန်တီးလိုက်တော့ရှင်/

/ Fic ရေးမယ်ဆိုတဲ့ အစ်မ၊ ရေးပြီးရင် သည်ကို link ချပေးပါဦး/

/ ချပြီကွာ/

Comment တွေ လိုက်ဖတ်နေရင်း မားဆီက ဖုန်းဝင်လာတော့ နေခ ကိုင်လိုက်သည်။

" ဟယ်လို မား"

" ဪ နေခမင်းမြတ် မင်း အခု ဖုန်းကိုင်ဖော်ရသေးတယ်ပေါ့၊ ပြောစမ်း၊ ဘယ်တွေသွားပြီး ဘာတွေလုပ်နေလဲ၊ အခုဘယ်မှာလဲ"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now