Final

22.5K 922 47
                                    

(Unicode)

မင်္ဂလာခမ်းမကြီးထဲ၌ အဖြူရောင် suit ကို ဝတ်ဆင်ထားသောသက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်သည် စိတ်လှုပ်ရှားမှုကြောင့် အပြင်ဘက်သို့ ထွက်ကြည့်လိုက် ခန်းမထဲကို ပြန်ဝင်လာလိုက်ဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့၏။ သတိုးသမီးကလည်း အဆင်သင့်ဖြစ်၍ စင်မြင့်ထက်၌ နေရာယူထားပြီးပြီ။ ထို့အပြင် ခေါက်တုံ့ခေါက်ပြန် အလုပ်ရှုပ်နေရှာသောသူ၏သတိုးသားကို ညှိုးငယ်စွာဖြင့် ငေးမောကြည့်နေ၏။

" ဟန်လင်းညိုလာတော့ မင့်သူငယ်ချင်းက အခုချိန်အထိ မရောက်လာသေးတာဘဲ စောင့်မနေနဲ့၊ ဧည့်သည်တွေကို အတူတူဧည့်ခံလိုက်တော့"

" ခဏလောက်ပဲ ထပ်စောင့်လို့ မရဘူးလား အမေ"

" သားရယ် နွယ့်ကိုလည်း အားနာပါဦး၊ ဟိုမှာ တစ်ယောက်တည်း"

ဟန်လင်းညိုမှာ အပြင်ဘက်သို့ လှည့်တကြည့်ကြည့်ဖြင့် အမေဆွဲခေါ်ရာနောက်ပါသွား၏။ နွယ့်အနား သွားပြန်ထိုင်လိုက်ပြီးသည့်တိုင် သူ အပြင်ဘက်သို့ လှည့်ကြည့်နေမိသည်။ ဧည့်သည်တွေကို သွားဧည့်ခံပါရန် အမေတို့က အတင်းတိုက်တွန်းနေပြီဖြစ်၍ ဟန်လင်းညို နွယ့်လက်ကိုတွဲပြီးအထ ခန်းမအတွင်းကို လှမ်းဝင်လာသောအနက်ရောင် suit ဖြင့် စက္ကအား လှမ်းမြင်လိုက်ရ၍ ဟန်လင်းညို၏မျက်နှာသည် ချက်ချင်းပြုံးသွားပြီး နွယ့်လက်ကို မသိလိုက်မသိဘာသာဖြင့် ဖြည်းညှင်းစွာ လွှတ်ချမိသွား၏။ ထိုအခါ မိုးသားနွယ်၏မျက်နှာလည်း ပျက်သွားပြီး သူ၏အဖေနှင့်အမေကို အားကိုးတကြီးနှင့် လှမ်းကြည့်လိုက်တော့ သူ၏မိဘများကလည်း အပေါက်ဝသို့ လှမ်းကြည့်နေသည်။

စက္ကက သေသေသပ်သပ်ဝတ်စားလိုက်တိုင်း လူကြီးလူကောင်းအသွင်ပေါ်နေပြီး တည်တံ့သည့်မျက်လုံး၊ မျက်ခုံးနှင့် ၆ပေ၃လက်မဆိုသည့်အရပ်က လူကြားထဲ ထင်းထွက်နေ၏။ စက္က၏လက်ကို ဒေါ်မေခက ချိတ်၍ ပြုံးပြီးလျှောက်လာတော့ ဟန်လင်းညိုလည်း စက္က သူ့အနားကို မရောက်ခင် သူကဦးအောင် စင်ပေါ်မှ ဆင်းသွားပြီး စက္က၏အနားသို့ လျှောက်သွားလိုက်သည်။

" congratulations ပါ ဒေါက်တာ"

" ဟုတ်ကဲ့ပါ အန်တီ"

အန်တီမေခက သူ့ကိုပြုံး၍ နှုတ်ဆက်လာသောကြောင့် ဟန်လင်းညိုလည်း ပြန်ပြုံးပြနှုတ်ဆက်လိုက်ရင်း စက္ကကို ကြည့်၍

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Opowieści tętniące życiem. Odkryj je teraz