Part - 10

10.7K 789 9
                                    

(Unicode)

မနေ့က နေခသည် မောင့်ဆီကို လာတွေ့မည်ဟု ပြောထား၍ မား၏ကုမ္ပဏီသို့ အသွားကို ထိုင်စောင့်နေရသည်။ မား မရိပ်မိအောင် သူ့အခန်းထဲ၌သာ သူ နေ၍အိပ်ချင်ယောင်ဆောင် နေလိုက်သည်။ မားက သူ့အခန်းကို လာချောင်းသောအခါ၌ သူ ခုတင်ပေါ်မှာ အိပ်နေသည်ကို မြင်ပြီး တိတ်တဆိတ်ပြန်ထွက်သွားသည်။ ထို့နောက် မား၏ကားသံကို အခန်းထဲမှ ကြားတော့ သူ ခုတင်ပေါ်၌ ခုန်ပေါက်လိုက်ပြီး ရေချိုးခန်းသို့ ဝင်သည်။ ခဏကြာတော့ ရေမိုးချိုးအဝတ်အစားလဲပြီး မောင့်ဆီသို့ သွားရန် ခြေလှမ်းစသည်။

မောင့်အမြင်မှာ ပိုပြီးနုငယ်သည်ဟု ထင်ရအောင် အပြာနုရောင်တီရှပ်လေးကို ဒူးအထက်ဂျင်းပျော့အဖြူလေးနှင့် တွဲဖက်ဝတ်ဆင်လိုက်သည်။ မောင်က သည်အချိန်ဆို သူ့အလုပ်မှာပဲ ရှိနိုင်တာကြောင့် ဆိုင်ကိုသာ ဦးတည်သွားလိုက်သည်။ ဆိုင်ရှေ့၌ ကားရပ်ပြီးတော့ ဦးထုပ်အနက်ကို ခပ်ငိုက်ငိုက်ဆောင်းလျက် mask အနက်ကို တပ်၍ ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။

" ဟို ထက်ဦးခန့်..."

" ဪ...ကိုထက်ဦးခန့်က အနောက်က ဟိုတယ်ထဲမှာ၊ ညာဘက်ချိုးပြီး ဟိုဘက် ထောင့်ဆုံးအခန်းထဲမှာ ရှိလိမ့်မယ်၊ ဝင်သွားလိုက်နော်"

" ဟုတ်ကဲ့"

နေ့လည်ဘက်မို့ ထင်သည်။ မောင်က အခန်းထဲမှာ နားနေတာနေမှာပေါ့။ သို့ဖြစ်၍ ကောင်မလေး ညွှန်ပြသည့်အတိုင်း သူ ဝင်သွားလိုက်တော့ ဟုတ်သည်။ မောင် ရှိနေ၏။ ကျောခိုင်းထားသော မောင်က ဘာတွေ အလုပ်ရှုပ်နေသည်လဲ။

" မောင်...အမလေး!"

မောင့်ကိုသာ အာရုံစိုက်ထားမိတာ​မို့ ကိုကြီးစက္ကက ရုတ်တရက်ကြီး အရှေ့မှာပိတ်ရပ်လိုက်စဥ် နေခလန့်ပြီး အော်လိုက်မိသည်။ ထို့နောက် ကိုယ့်ရင်ဘက်ကိုယ်ဖိ၍ စိတ်ငြိမ်သွားတော့မှ ကိုကြီးစက္ကက သူ့အား စိုးရိမ်မှုဖြင့် ငုံ့ကြည့်နေကြောင်း တွေ့လိုက်ရသည်။

" ညီလေး လန့်သွားတာလား"

" အာ...နည်းနည်းပါ"

မောင်ကလည်း သူ့ဘက်သို့ လှည့်ကြည့်လာသည်မို့ သူ လှမ်းပြုံးပြလိုက်သည်။ မောင့်အနားလျှောက်သွားပြီး မောင့်ဘေး ဝင်ထိုင်လိုက်တော့ မောင် လုပ်နေသည့်အလုပ်ကြောင့် သူ မောင့်ကို တအံ့တသြ ပြန်ကြည့်မိသည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now