Part - 3

15.9K 1.1K 34
                                    

(Unicode)

လွန်ခဲ့သည့် ၂၀၁၅ခုနှစ်လောက်က နေခတို့အိမ်တွင် နေခနှင့်အတူ နွေဦးပါ နေခ၏အခန်းထဲ၌ ရှိနေခဲ့သည်။

" ဟားဟား နေနေက သည်လိုလေးဝတ်လိုက်တော့လည်း သိပ်လှတာပဲ"

" အမယ်...နွေဦးရဲ့မျက်လုံးထဲမှာ နေနေက သိပ်လှတယ်ပေါ့"

" အင်းပေါ့လို့၊ လှတယ်၊ သိပ်လှတယ်"

နွေဦ်းဆင်ပေးသော ပေါင်လောက်ရှိသည့် ကြိုးတစ်လုံးဂါဝန်လေးအား ဝတ်၍ ဂါဝန်အစွန်းလေးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ကားလျက် ဟိုပြေး၊ သည်ပြေးဆော့နေသော နေခကို သဘောတကျ လိုက်ကြည့်နေရှာသော နွေဦး။

" နေခ ဒါဘာတွေ လုပ်နေတာလဲ"

" ဟင် မား"

ရုတ်တရက် အခန်းထဲသို့ ဝင်လာသော မား၏အသံကြောင့် နေခရော နွေဦးပါ လန့်သွားတော့သည်။

" ဒါဘယ်လိုတွေ ပြုမူနေထိုင်နေတာလဲလို့! နေခမင်းမြတ်! ငါမေးနေတာ ဖြေစမ်း"

ခြေအစုံပေါက်၍ အော်နေသော မားကြောင့် နေခနှင့်အတူ နွေဦ်းသည်လည်း တုန်လှုပ်နေခဲ့သည်။

" နွေဦး အခြောက်မ ကောင်မ နင် နင် ငါ့သားကို ဘယ်လိုဇာတ်သွင်းနေတာလဲ၊ ဟမ်..."

" ဟိုလေ နွေဦ်း ရှင်းပြပါရစေ၊ တကယ်တော့လေ၊ အဲ့အင်္ကျီက နွေဦးဝတ်မယ်ဆိုတော့ နေနေက"

" တော်စမ်း ဘာနေနေလဲ! နေခမင်းမြတ်! ငါ့သား နေခမင်းမြတ် နိုင်ငံကျော်မင်းသား!"

" မား ဒါက သားတို့ စနောက်ပြီး ဝတ်ကြည့်ကြတာပါ၊ သား အပြစ်ပါ၊ နွေဦ်းနဲ့ မဆိုင်ပါဘူး"

" တော်စမ်း နေခ! မင်းရဲ့ သည်လိုဝတ်စားပုံကို Media တွေ မြင်သွားရင် မင်း ဘယ်လို ဖြေရှင်းမလဲ၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ နွေဦး နင်အလုပ်ထွက်တော့"

" အဲ့လိုတော့ မလုပ်ပါနဲ့ အန်တီရယ်၊ နွေဦးမှာ သည်မိတ်ကပ်ပြင်တာအပြင် တခြားဘာအလုပ်မှ မရှိဘူး၊ နွေဦ်း သည်အလုပ်ကို ဆက်မလုပ်ရရင် နွေဦးရဲ့ မိသားစု ထမင်းငတ်သွားမှာပေါ့"

" မား သား ကြားထဲက တောင်းပန်ပါတယ်၊ နွေဦးကို အလုပ်မထုတ်ပါနဲ့နော်"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now