Part - 21

8.8K 650 1
                                    

(Unicode)

လူတွေအားလုံး ဝိုင်းကြည့်နေတာကို သိပေမဲ့သူ့ခြေထောက်တွေ ထောက်ဖို့ အားအင်မရှိ။ မြေပြင်ပေါ် ဒူးထောက်ကျနေသောသူ့ကို အနားမှ ဝန်ထမ်းတွေက ဆွဲထူပေးသည်။ သို့ပေမဲ့ လှမ်းဖို့ ရွယ်လိုက်သည့်ခြေလှမ်းတိုင်းအတွက် နာကျင်မှုများက ကပ်ပါလာသည်။ သူ နားချင်ပြီ။ အိပ်ရာပေါ် ပစ်လှဲလိုက်ပြီး ချုံးပွဲချ ငိုလိုက်ချင်တော့သည်။

ကားကို ကြုံသလို ထိုးရပ်လိုက်ပြီး အခန်းထဲသို့ ဝင်ခဲ့သည်။ ခုတင်ပေါ်ပစ်လှဲလိုက်ပြီး မျက်လုံးမှိတ်လိုက်သည့်တိုင် ပိုးဟပ်ဖြူလေး၏ နာကျင်နေသည့် မျက်နှာက သူ့အမှောင်ထုထဲအထိ ဝင်ရောက်လာသည်။ ထို့နောက် သူ့၏ စကားသံလေးများကို ပြန်ကြားနေရသည်။ ဒီအခန်းငယ်ကို ပိုးဟပ်ဖြူလေးဟာ ခဏတော့လာနေဖူးတာမို့ ဒီအခန်းငယ်က ချစ်စရာကောင်းသည့် အတတ်လေး၏ စကားတွေကို စုပ်ယူထားတာ ဖြစ်ရမည်။

(ငါသိတယ်။ ထက်ဦးခန့်က ဘယ်လိုလူမျိုးလဲဆိုတာ။ ဘာအလုပ်ကို လုပ်နေလဲဆိုတာရော။ ဒါပေမယ့် ငါမလွန်ဆန်နိုင်ဘူး။ မင်းနဲ့ဝေးရာနေဖို့ နောက်ပြီး မင်းကို။ )

ဝေးရာမှာ မနိုင်နဲ့တဲ့လူကို နီးအောင်သိမ်းယူပြီး ဖျက်ဆီးဖို့ ကြံခဲ့တာလည်း မောင်ပဲ။ နာကျင်နေတဲ့ ပုံရိပ်လေးတွေကြောင့် လက်တွန့်နေခဲ့တာလည်း မောင်ပဲ။

(မောင် ရှောင်မပြေးပါနဲ့။ ငါ မောင့်ကို အရမ်းချစ်မိနေလို့ပါ။ )

မောင်ရှောင်ပြေးချင်တယ်။ မင်းကို မောင့် ပရိယာယ်တွေထဲ ဆွဲမသွင်းချင်ဘူး။

( ကလေးရှက်ရင် ခေါင်းငုံ့ပြီး ပုန်းတတ်ကြတယ်။လူကြီးတွေ ရှက်ရင်ကျ စပ်ဖြီးဖြီးကြီးတဲ့။ မောင်ရှက်တော့ ငါနဲ့ မျက်နှာချင်းမဆိုင်ရဲတော့ဘဲ မျက်နှာလွှဲတတ်သလား။ )

တစ်ခါတလေ စကားတတ်လေးက မောင့်စိတ်ကို အမျိုးမျိုးဖတ်နေတဲ့ နေရာမှာလည်း အကျွမ်းတဝင်ရှိသေးတယ်။

( ခင်ဗျားစောက်ပါးစပ်ကို ပိတ်ထားလိုက်! အခုချိန်ကစပြီး ထက်ဦးခန့်ဆိုတဲ့လူက ကျွန်တော့်အပိုင်။ ခင်ဗျားဆီဘယ်တော့မှ ရောက်လာမယ် မထင်နဲ့။ လာ မောင် သွားမယ်။ )

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now