Part - 8

10.4K 817 4
                                    

(Unicode)

၂၀၁၄ ခုနှစ်။ 

နေခမင်းမြတ်ဘဝမှာ ပထမဦးဆုံး ရိုက်ရမည့်ရုပ်ရှင်ကားဖြစ်တာကြောင့် ပေါ့ဆ၍ မရ။ လေ့ကျင့်မှု ခဏခဏ လုပ်ပြီးသည့်တိုင် သူ့ကိုယ်သူ အားရမှု မရှိသေး။

" နွေဦး နေနေ ဘာလိုသေးလဲ"

" ဟာ...နေနေရယ်၊ နေနေက အခုတင် ပြည့်စုံနေပြီ၊ ဘာမှ မလိုတော့ဘူး၊ စိတ်အေးအေးထား၊ ရိုက်ကွင်းရောက်ရင် သေချာလုပ်နော်"

" အင်းပါ နွေဦးရယ်၊ ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ"

နွေဦးက သူ့အဝတ်အစားတွေကို စီမံပေးနေရင်း ဖိုက်တင်းဟုဆို၍ လက်တံတောင်ဆစ်ကို ကွေးပြသည်။

" နေနေ့ကို နွေဦး ပြောဦးမယ်၊ အခု နေနေနဲ့ တွဲရိုက်ရမဲ့လူကြမ်းမင်းသားကို သတိထားသိလား"

" ဟင် ဘာလို့တုံး နွေဦးရဲ့"

" ဪ...သူက နွေဦးတို့လို မိန်းမလျာတွေကို တို့လား ထိလားနဲ့လေ၊ သူက ဂေးလေ၊ နေနေ့ကိုတောင် နွေဦးနဲ့သိပ်ရောလို့ သူက နေနေ့ကို ထိချင်နေတာ၊ နွေဦးက သည်လောကထဲမှာ နေလာတာကြာပြီ၊ ဘယ်လူက ဘယ်မျက်လုံးနဲ့ ကြည့်လဲ၊ ဘာစိတ်ရှိလဲဆိုတာ နွေဦးက သိတယ်၊ အဲ့တာ နေနေ့ကို သတိထားရအောင် ပြောတာ"

" အဟက်..."

ဆေးဆိုးပန်းရိုက်ထားသောမျက်နှာပေါ်က ချွေးစက်အချို့ကို လက်ဖြင့် သပ်ချပြီး မဲ့ကာရွဲ့ကာဖြင့် ပြောလာသော နွေဦးကြောင့် နေခ ရယ်လိုက်မိသည်။

" အင်းပါ နွေဦးရဲ့၊ နေနေက နွေဦးတို့လို မိန်းမတွေကို စိတ်မဝင်စားတတ်ပေမဲ့ အဲ့လိုယောကျ်ားတွေကိုလည်း စိတ်မဝင်စားပါဘူး၊ ဝေးဝေးက ရှောင်မှာ၊ သူတို့လည်း ကျွန်တော့်မာနကို ကြည့်ပြီး အနားကပ်မလာရဲပါဘူး"

" ဟီးဟီး နေနေက တော်တယ်၊ နေနေက ယောကျ်ားချင်း ကြိုက်တတ်ပေမဲ့ နွေဦးတို့လိုမနေတာမို့ အဆင်ပြေသေး၊ နွေဦးကိုဆို တွေ့သမျှယောကျ်ားတွေက စစရာ၊ နောက်စရာဆိုပြီး နှောက်ယှက်ကြတယ်၊ အထင်သေးကြတယ်၊ နွေဦးကို ကတိပေး၊ နေနေ နွေဦးလို မနေဘူးလို့"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Wo Geschichten leben. Entdecke jetzt