Part-1

66.7K 2.1K 32
                                    

(Unicode)

ဖြူ ၊ နီ ၊ ပြာ၊ ဝါ ဆလိုက်မီးတို့ တလက်လက်ဖြင့် တောက်ပနေသော အခန်းတစ်ခုဝယ် လူအများကြီး စုဝေးနေကြလျက်။ Celebrity များအား ဖိတ်ခေါ်၍ အင်တာဗျူးသည့် အစီအစဥ်တစ်ခုဖြစ်သည်။

" အခု ကိုနေခရဲ့ဆံပင်ပုံစံနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေက အထင်အမြင်အမျိုးမျိုး သုံးသပ်နေကြတယ်ပေါ့နော်၊ ကိုနေခ အနေနဲ့ကရော ကိုယ့် Hair style နဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ"

Presenter မလေး၏ အမေး​စကားနောက် နေခမင်းမြတ်သည် ကုပ်ထိရှည်ကျနေသော ငွေမင်ရောင်ဆံပင်လှိုင်းတွန့်များကို လက်ဖြင့် သပ်တင်လိုက်ရင်း။

" ဟား! ဒါကျွန်တော့်ရဲ့ အရင် stylist က ပြင်ဆင်ပေးခဲ့တာပဲ၊ နောက်ပိုင်း သည်ဒီဇိုင်းကို ပိုပြီး ကျွန်တော့်ပရိသတ်တွေက သဘောကျကြတော့ ကျွန်တော်လည်း မပြောင်းဖြစ်ခဲ့တာ အတော်ကြာပြီ"

အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ သွယ်လျသောကိုယ်ထည်နှင့်အတူ ကုပ်အထိ ရှည်ကျနေသော ငွေရောင်ဆံပင်လှိုင်းတွန့်များက နေခမင်းမြတ်ဆိုသည့် သူ့ကို ကျော့ရှင်းစေသည်။

"ဒါဆို နောက်ထပ်မေးခွန်းတစ်ခုကျန်ပါသေးတယ်၊ သည်မေးခွန်းကတော့ အနောက်မှာပါလာတဲ့ ကိုနေခရဲ့အမေ မကြားအောင်ဖြေရမဲ့မေးခွန်းပါ ဟိ ဟိ"

သည်အစီအစဥ်ကို ပါဝင်ရိုက်ကူးရမည်ဟု မားဆီမှ ညွှန်ကြားခံရကတည်းက နေခမင်းမြတ်မှာ အတော်စိတ်ရှုပ်သွားမိသည်။ မားကလည်း ဘယ်လိုရည်ရွယ်ချက်နှင့် သူ့ကို သည်လိုကြီး တွန်းပို့ရက်သလဲမသိ။ သူ့အဖို့ သည်လို programme မျိုးတွေက အများကြီး အခက်တွေ့စေသည်။ ပရိသတ်၏မေးချင်ရာမေးထားသော မေးခွန်းများကို တိုက်ရိုက် live ဖြင့် ထုတ်လွှင့်ပြသပြီး ဖြေပေးနေရသည်မို့ အမှားပါလို့ကလည်း မရ။ ယခုလည်း အရစ်ရှည်ပြီး ဘာတွေထပ်မေးကြဦးမလို့လဲ။ သူ ဤနေရာမှ ထွက်ပြေးပစ်ချင်လာ၏။

" မလုပ်ပါနဲ့ဗျာ့၊ ကျွန်တော့်မားက လွယ်တာမဟုတ်ဘူး၊ အိမ်ရောက်မှ ကျွန်တော့်ကို ရိုက်နေပါ့မယ်"

စိတ်မပါသည့်တိုင် အပြုံးတုတွေဖြင့် ဟန်ဆောင်ပြနေရသည်မို့ သူ အင်မတန်ပင်ပန်းနေခဲ့ပြီ။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now