Part - 6

13K 926 59
                                    

(Unicode)

အဖျားက မကျသေးသော်လည်း မတွေ့ရတာ နှစ်ရက်လောက်ရှိပြီ ဖြစ်သောကြောင့် မား လစ်တုန်းလေး ထက်ဦးခန့်ရှိရာ ဆိုင်ဆီသို့ ထွက်ခဲ့သည်။ နေ့လယ်ခင်းချိန်ဖြစ်၍ ဆိုင်၌ လူရှင်းနေသည်။ တီးဝိုင်းကလည်း မရှိသေး၍ ထက်ဦးခန့်ကို ဘယ်လိုရှာရမှန်းမသိ။ သို့ရာတွင် ထက်ဦးခန့်က သည်နေ့ဆိုင်မလာဘူးဆိုလျှင် ဟိုတစ်ခေါက်ကရောက်ခဲ့သော တိုက်ခန်းဆီ သူ သွားရှာမည်ဟု တွေးလိုက်သည်။

" ဟိတ်!"

" အမလေး!"

အနောက်မှ ရုတ်တရက် အသံထွက်ပေါ်လာလျက် ပခုံးနှစ်ဖက်အား လှမ်းဖမ်းခံလိုက်ရ၍ သူ လန့်သွားရပြီး အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

" ဟို...ညီလေး လန့်သွားလား"

" အာ...မလန့်ပါဘူး"

မလန့်ဘူးလို့ ပြောလိုက်ပေမဲ့ ရုတ်တရက်မို့ သူ လန့်သွားသည်က ဧကန်။ ထို့နောက် သူ့အရှေ့က အသားညိုညို၊ လူကောင်ခပ်ထွားထွားနှင့် လမ်းသရဲပုံစံ ဝတ်စားဆင်ယင်ထားသော ထိုလူ့ကို သေချာအကဲခတ်လိုက်သည်။

" ညီလေးက ထက်ဦးခန့်ကို လာရှာတာလား"

" ဟုတ်ကဲ့၊ အစ်ကို ဘယ်လိုလုပ်သိသလဲ"

" အာ...ညီလေး သည်ဆိုင်ကို ခဏ ခဏလာနေတာ၊ သည်ကလူတွေက ရိပ်မိတာပေါ့"

" ဟို...ဟုတ်၊ ဒါနဲ့ သူ ဘယ်မှာလဲမသိဘူး"

" ထက်ခန့် သူ့မမလာလို့ ပါသွားတယ်၊ လာ ညီလေး၊ သည်နေရာမှာ မတ်တတ်ရပ်စောင့်မနေနဲ့၊ တခြားလူတွေ ညီလေးကို သည်မှာ မြင်သွားရင် ညီလေးရဲ့ဂုဏ်သိက္ခာအတွက် မကောင်းဘူး"

" အာ...ရ"

သူ့စကားပင်မဆုံးသေး သူ့ပခုံးကို ရင်ခွင်ထဲဆွဲသိမ်း၍ နီးစပ်ရာ အခန်းဆီ ခေါ်သွားသည်။ အခုမှ တွေ့ဖူးသည့် သူစိမ်းတစ်ယောက်ဆီမှ ရလာသော ယခုကဲ့သို့ ဂရုစိုက်မှုမျိုးဟာ နေခ၏မသိစိတ်ကို လုံခြုံစေသည်။

အခန်းထဲနှစ်ယောက်အတူ ရောက်သွားသော်လည်း မနေတတ်၊ မထိုင်တတ်ခြင်းမျိုး မဖြစ်မိ။ သူက ဆိုင်ထဲရှိ စားပွဲထိုးများကို ခေါ်ပြီး အစားအသောက်များပါ မှာကျွေးလာလေတော့ နေခမှာ အားနာလာမိသည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now