Part - 12

9.3K 704 6
                                    

(Unicode)

စက္ကကို ပြန်ပို့ပေးပြီးတော့ ဟန်လင်းညိုသည် သူ့ကွန်ဒိုကို မပြန်သေးဘဲ မိဘများအား မတွေ့ရတာကြာ၍ အိမ်သို့ ပြန်မိသည်။ သူသည် ဆေးခန်းနှင့် အိမ်က အနည်းငယ်လှမ်း၍ မြို့ထဲမှာတင် ကွန်ဒိုတစ်ခုဝယ်ပြီး တစ်ယောက်တည်းနေထိုင်ခဲ့တာဖြစ် သည်။ အသက်၃၀ကျော်ယောကျာ်းတစ်ယောက်ဖြစ်နေပြီမို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီဆိုသောသဘောကို ဆောင်ချင်သည်။ အဖေက ကုမ္ပဏီတစ်ခုလုံးကို ဦးစီးလုပ်ကိုင်နေသည်မို့ မိဘတွေအတွက် ဘယ်သောအခါမှ စိတ်မပူရ။ အဖေနှင့် အမေရယ်၊ သူရယ်ပဲ ရှိတာမို့ မိသားစုဘဝက ခြောက်ကပ်ကပ်ဖြစ်နေသည်ကတော့အမှန်။ အိမ်ထောင်ပြုဖို့ကျတော့လည်း သူ့မှာ ချစ်သူရည်းစားဟူ၍ မရှိ။ မိဘများကတော့ သူ့ကို အိမ်ထောင်ပြုခိုင်းနေကြပြီ။

" အမေ"

" ဟယ်...သားပြန်လာတယ်"

အမေက သူ့ကို မြင်တော့ ပြေးဖက်ရှာသည်။

" ဟယ် ကိုကို"

" အတော်ပဲ နွယ်က အမေတို့အဖို့ မုန့်လာပို့ပေးတာ"

" ဪ နွယ်လည်း ရောက်နေတာပဲ"

နွယ်ဟု အတိုကောက်ခေါ်သောမိုးသားနွယ်ဆိုတာ သူနှင့်ဆွေမျိုးမတော်စပ်ပေမဲ့ မိဘချင်းရင်းနှီးကြတော့ အမေက သူ့ကို မျက်စိကျနေပြီး ဟန်လင်းညိုနှင့် သဘောတူနေတာ ဖြစ်သည်။ နွယ်က သူ့ထက်၈နှစ်လောက်ငယ်ပေမဲ့ နွယ်က မြန်မာမှုကို အလေးထားပြီး အိန္ဒြေကြီးသော မိန်းကလေးတစ်ယောက်ဖြစ်၏။ သူ အိမ်မှာ မရှိချိန်တိုင်း သူ့မိဘနှစ်ပါးကို အဖော်လာပြုပေးနေကျမို့ အမေက သူနှင့် ဟန်လင်းညိုကို အများကြီးနီးစပ်စေချင်သည်။ သူ့ဘက်ကတော့ နွယ့်ကို ကိုယ့်ညီမလေးအရင်းတစ်ယောက်လို တန်ဖိုးထားသည်။ သို့ရာတွင် နွယ်က သူ မငြင်းပယ်နိုင်လောက်အောင် အဘက်ဘက်က ပြည့်စုံသောမိန်းကလေးတစ်ယောက် ဖြစ်သည်။

" အဖေရော အမေ"

" သားအဖေက ပြန်မရောက်သေးဘူး၊ ခဏနေတော့ ပြန်ရောက်လိမ့်မယ်ထင်တယ်"

" ဪ..."

" ကိုကိုရော့ နွယ်ကိုယ်တိုင်လုပ်ထားတဲ့မုန့်လေး စားကြည့်"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now