Part - 13

9K 698 13
                                    

(Unicode)

အင်တာနက်ပေါ်၌ တက်လာသောသတင်းများအား ကြည့်နေရင်း နေခ၏လက်ဖျားတွေ တုန်လာသည်။ သည်ပုံက ဘယ်ကနေ၊ဘယ်လို လိုင်းပေါ်ရောက်သွားသလဲမသိ ။သူ့အနောက်ကို နောက်ယောင်ခံလိုက်နေသော media များ ရှိလိမ့်မည်ဟု မထင်ထားခဲ့။ ယခုလောက်ဆို သည်ပုံတွေနှင့် သည်သတင်းတွေကို မားက သိပြီး ပွဲကြမ်းနေလောက်ပြီ။

" မောင်ရေ ဘယ်လိုလုပ်ကြမတုံး"

ဖုန်းကို မောင့်အရှေ့ ထိုးပြလိုက်သည်။ မောင်က ဖုန်းကို လှမ်းယူပြီး အခြေအနေကို ခေတ္တခဏေကြည့်ပြီးနောက် ဖုန်းကို ပိတ်လိုက်သည်။

" မကြည့်နဲ့တော့"

" ဟင်...မောင်ကလည်း၊ သည်အခြေအနေကြီးကို ဘယ်လိုရှင်းမလဲလို့၊ ငါ အခု အိမ်ပြန်ရင် မားက..."

" မပြန်နဲ့"

" ဟင်"

မောင်တကယ်များ ပြောနေသည်လား။ မောင်မပြန်နှင့်ဆိုတော့ သူလည်း မပြန််ချင်တော့ပါ။ မား သူ့ပါသူ ဖြေရှင်းပါစေ။ မောင့်အနား၌ နေရမှာ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ ထို့နောက် မောင့်အိပ်ရာပေါ် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း သူ့ကို ကျောခိုင်းပြီးထိုင်နေသော မောင့်ခါးကို အနောက်မှ ဖက်လိုက်သည်။

" မောင်...ငါ ဖွင့်ပြောလိုက်ရမလား၊ ငါတို့ချစ်သူတွေ ဆိုတာကိုလေ"

" မပြောနဲ့"

" ဟင် ဘာလို့လဲ မောင်ရဲ့၊ တစ်ချိန်ကျရင် ​အားလုံးသိကုန်မှာပဲ မဟုတ်လား၊ အခုကတည်းက..."

" မပြောနဲ့!"

မောင် ဘာကို ခါးခါးသီးသီးဖြစ်နေရတာလဲ။ သူနှင့်ချစ်သူဖြစ်ရတာကို မောင်က ရှက်နေသည်လား။ သူ မေ့သွားတာပဲ။ မောင်က သူ့ကို ချစ်ပါတယ်လို့ ဖွင့်တောင် ပြောဖူးသေးတာမဟုတ်ပါ။

" ရပါတယ်၊ မောင် အကြောင်းပြချက်တွေလည်း မလိုတော့ဘူး၊ မောင် စိတ်ထဲ အရှိတိုင်းသာ လုပ်ပါ"

မောင့်ကို ဖက်တွယ်ထားမိသောသူ့လက်တွေကို ပြန်လွှတ်ချလိုက်ပြီး ကျောခိုင်းထားသည့်မောင့်ကို ပြန်ကျောခိုင်းပြီး အိပ်လိုက်သည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now