Part - 31

9.7K 650 10
                                    

(Unicode)

နောက်၅ရက်နေလျှင် အစ်ကို့မင်္ဂလာဆောင်ကျင်းပတော့မှာသေချာနေပြီမို့ သူ ကြားရက်တွေမှာ အိမ်ထဲမှအိမ်အပြင်ပင် မလှမ်းနိုင်ခဲ့။ တမှိုင်မှိုင်တတွေတွေဖြင့် တကယ်တမ်း ဆုံးရှုံးရတော့မည်ဟု တွေးမိတိုင်း သူ အစ်ကို့ကို ပိုင်ဆိုင်ရဖို့ လုပ်မိလုပ်ရာသာ ပြေးလုပ်ချင်တော့သည်။ သူ ထိုင်းမှိုင်းနေစဥ် အမေက သူ့အနားကို ရောက်လာ၏။

" သား နေမကောင်းလို့လား၊ အပြင်လည်း မသွားဘူး"

" ကောင်းပါတယ်"

​သူကို ပြန်သာဖြေနေပေမဲ့ သူ့သားက သူ့မျက်နှာကိုပင် မကြည့်။ သည်ရက်ပိုင်း သားမူမမှန်တာ သူတို့မိဘနှစ်ဦးလုံး ရိပ်မိသည်။ ထမင်းပုံမှန်မစားဘဲ အခန်းထဲ၌ ပေတေပြီးလအိပ်နေတာတို့ တစ်ခါတစ်ရံအဝေးကြီးကို ငေးပြီး စဥ်းစားနေခြင်းတို့ကိုသာ ပြုလုပ်နေခဲ့၏။

" သားမှာ ချစ်သူရှိနေပြီလား" 

ထိုမေးခွန်းကြောင့် စက္ကသည် အမေ့ကို ငြင်းပယ်ရန် ပြန်ကြည့်လိုက်စဥ် အမေကတော့ သူ မလိမ်နိုင်အောင် ပိတ်ဆို့ထားသည့်အကြည့်များဖြင့်သာ သူ့အား ပြန်ကြည့်နေခဲ့၏။ စက္က ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်မိသည်။

" ဒါပေမဲ့ ကျွန်တော်တို့က မဖြစ်နိုင်တော့ဘူး"

" မင်း လိုချင်တဲ့အရာဆို ရအောင်ယူရမယ်၊ မင်း ယောကျ်ားတစ်ယောက် မဟုတ်ဘူးလား၊ မကြိုးစားကြည့်ခင် မဖြစ်နိုင်ဘူးဆိုတဲ့စကားကို မပြောနဲ့၊ အဲ့သည့်လို အရှုံးပေးတတ်တဲ့အကျင့်ရှိနေရင် မင်း ငါ့သားမလုပ်နဲ့၊ မေခရဲ့သားတွေက မေခရဲ့သွေးမပါဘူးဆိုတာ မဖြစ်ရဘူး"

" ကျွန်တော် သူ့ကို စိတ်မဆင်းရဲစေချင်ဘူး"

" မင်း ယောကျ်ားချင်း မပြိုင်ရဲဘူးလား"

" ကျွန်တော် ပြိုင်ရမှာ ယောကျ်ားတစ်ယောက်မဟုတ်ခဲ့တာ၊ မိန်းမတစ်ယောက်နဲ့ကျွန်တော်က ပြိုင်ပြီး ယောကျ်ားတစ်ယောက်ကို လုယူရမလား"

" ဟင်...သား ကြိုက်နေတာ မဟုတ်မှလွဲရော"

" မိုးသားနွယ်ရဲ့သတိုးသားလောင်းပါ"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now