Part - 23

9K 649 12
                                    

(Unicode)

သည်နေ့က ပဲခူးကို သွားရမဲ့ရက်မို့ ဟန်လင်းညို စောစောပြင်ဆင်ရသည်။ သူ စက္ကကို သွားခေါ်ဖို့အလုပ် အမေ့ဆီက ဖုန်းဝင်လာသည်။

" ဟယ်လို အမေ ပြောလေ"

" သားရေ...နွယ်ကလေ သားနဲ့လိုက်ချင်လို့တဲ့၊ အဲ့တာ တစ်ခါတည်းဝင်ခေါ်ခဲ့လိုက်နော်"

" အမေတို့အိမ်နဲ့နီးတာကို အမေတို့ပဲ ခေါ်ခဲ့လိုက်လေ"

" မဟုတ်ဘူး သားရဲ့၊ အမေတို့က မနေ့ကတည်းက ပဲခူးရောက်နေတာ"

" ဪ ဟုတ်လား၊ ဒါဆိုလည်း သားဝင်ခေါ်ခဲ့ပါ့မယ်"

" အေးအေး"

စက္ကနှင့်နှစ်ယောက်အတူ အေးဆေးသွားချင်ပါသည်ဆိုမှ အမေတို့က သူ့ဆီ တာဝန်တစ်ခု လွှဲပေးလိုက်ပြန်ပြီ။ စက္က စောင့်နေရမည်စိုး၍ သူ စက္ကဆီ အရင်သွားလိုက်သည်။

" ဟျောင့် အလှူသွားမှာကို ငါ စီစဥ်ပေးသလို မဝတ်ဘူး"

" ဟာဗျာ...အစ်ကိုကလည်း စိတ်ကျဉ်းကျပ်တယ်"

" မရဘူး၊ မင်းရဲ့ဂျင်းဘောင်းဘီအမဲကိုလည်း ကြည့်ဦး၊ ဒူးနေရာမှာ အပြဲတွေနဲ့၊ တကယ့်လမ်းသရဲစတိုင်နဲ့၊ သွား အခုလဲ"

" မလဲချင်တော့ဘူးဗျာ"

" မရဘူး၊ ငါကိုယ်တိုင် လဲပေးမယ်၊ လာခဲ့"

ထို့နောက် သူကိုယ်တိုင် စက္ကကို ကုပ်ကနေဆွဲခေါ်လာပြီး အဝတ်အစား လဲခိုင်းရသည်။

" အဲ့ style pants ကို ဝတ်၊ ရော့ သည်အင်္ကျီ လာ ငါ့အနား"

အစ်ကိုက သူ့စပို့စ်ရှပ်၌ ပါသောကြယ်သီးနှစ်လုံးကို သူကိုယ်တိုင် တပ်ပေးသည်။ အစ်ကို့အရပ်က သူ့မေးဖျားလောက်သာရှိသည်မို့ အင်္ကျီကြယ်သီးတပ်ပေးနေသော အစ်ကို့ကို ကြည့်ရင်း စက္ကအသက်ရှူနှုန်းတွေ မြန်လာသည်။ တပ်လို့ပြီးသွားတော့ အစ်ကိုကလည်း သူ့ကို ပြန်မော့ကြည့်လာပြီး သူ စိုက်ကြည့်နေတာကို သိတော့  ချက်ချင်းဟိုဘက်လှည့်၍ ကျောခိုင်းလိုက်သည်။

" အခုမှပဲ လူရုပ်ပေါက်သွားတော့တယ်၊ သွားကြမယ်"

" ဟုတ်"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)حيث تعيش القصص. اكتشف الآن