Part - 26

9.5K 672 18
                                    

(Unicode)

ညနေစောင်းချိန်မို့ ထက်ဦးခန့်နေသည့် တိုက်ခန်းလေးထဲမှာ နေရောင်ခြည်ဆိုတာ ပျောက်လုပြီ။ သူ့ရှေ့က အမျိုးသမီးဟာလည်း သူ့ကို အားမလိုအားမရပုံစံဖြင့် ကြည့်နေသည်။ သူ သည်အခန်းထဲကို ရောက်နေတာ ၁နာရီကျော်ပြီ။ ယခုချိန်အထိ ထက်ဦးခန့်က သူ့ကို အရေးတယူမပြုသေး။

" ဆုံးရှုံးရမှာလည်း ကြောက်တယ်၊ အနားမှာလည်း ခေါ်ထားချင်တယ်၊ ဒဏ်ရာပေးမိမှာလည်း ကြောက်တယ်၊ မင်း သည်ပုံစံအတိုင်း ရှေ့ဆက်သွားလို့ မဖြစ်ဘူးနော်...ထက်ခန့်"

ထိုအခါမှ သူ့ကို အသက်မဲ့သောမျက်လုံးများဖြင့် မော့ကြည့်လာသည်။ ထို့ကြောင့် သူလည်း သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။

" မင်း ချစ်ရင် မင်း အပိုင်ယူရမှာပေါ့"

" ဒါပေမဲ့..."

" ဘာလဲ၊ သူ့အမေကြောင့်လား၊ သူ့အမေကို မုန်းတဲ့အမုန်းနဲ့ သူ့ကို ချစ်တ့အချစ်မှာ ဘယ်ဟာက မင်းကို အနိုင်ယူထားလဲ"

" သူ့ကို ချစ်တဲ့စိတ်တွေပေါ့"

" ဒါဆို ဘာလို့စွန့်လွှတ်လိုက်သေးလဲ"

" သူ့အတွက်ပါ၊ ကျွန်တော့်လိုလူက..."

( ဖုန်း...!)

" ဘာ! မင်းက ဘာဖြစ်နေလို့လဲ၊ မင်းက သည်လိုလူဖြစ်နေတာနဲ့ ဘာဆိုင်လဲ"

ဒေါ်ပိုးနီခမျာ စိတ်တိုလွန်း၍ လက်ထဲရှိခေါင်းအုံးဖြင့် အရှေ့က ထက်ဦးခန့်၏မျက်နှာကို ကောက်ပေါက်လိုက်မိသည်။ သည်ကောင်လေး၏အတွေးအမှားတွေကို သူ ပြင်ပေးမှ ရတော့မည်။

" မမ ကျွန်တော့်ကို အသေသာသတ်လိုက်တော့ဗျာ"

" ဟဲ့ နင့်လိုကောင်ကို အသေသတ်လိုက်ရင် ငါ ထောင်ကျရင်ကျ၊ မကျရင် နင့်အကောင်က ငါ့ကို လာသတ်မှာပေါ့ဟဲ့၊ ဟိုနေ့ကတောင် စားမတတ်ဝါးမတတ် ကြည့်သွားတာကို"

ပြီးနောက် ဒေါ်ပိုးနီသည် စိတ်ပျက်လက်ပျက်နှင့် အရှေ့က ထက်ဦးခန့်ကို ဆက်ကြည့်နေသည်။ အရင်က ပတ်သက်ခဲ့ဖူးသည့် သံယောဇဉ်လက်ကျန်လေးနှင့် သည်ကောင်လေးကို သူအဖော်လာပြုပေးနေတာ။ နှလုံးသားရေးရာနှင့် ပတ်သက်လျှင် တော်တော်အကြောမာသည့် ကောင်လေး။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now