(Unicode)
အင်းယားကန်ဘောင်ဘေးပတ်ဝန်းကျင်ရှိ လေရူးများဟာ တသုန်သုန် တိုက်ခတ်နေလေသည်။ ကန်ရေပြင်ဘက်သို့ မျက်နှာမူလျက် ခုံတန်းလေးပေါ်၌ နေခနှင့်အတူ ထက်ဦးခန့်ကပါ ရှိနေသည်။ လင်းထိန်သော နေရောင်သည် စူးခနဲ ဝင်လာမှုကြောင့် နေခသည် မျက်လုံးများအား မှေးကျဥ်းထားလျက် မောင့်ကို ဘေးချင်းကပ်ကြည့်လိုက်မိသည်။ မောင့်မျက်ခွံကြောများကလည်း ထို့နည်းတူ တင်းနေသည်။
" မောင် ငါ့ကို ဘာလို့ သည်ခေါ်လာတာလဲ"
မောင်က သူ့ကို ပြန်ကြည့်လာသည်။ သည်လို နေပူပူမှာ ဒုက္ခခံ၍ ခပ်တည်တည်လာထိုင်နေကြသည်က ရယ်ဖို့တော့ ကောင်းသည်။ ဘေးက ခုံတွေမှာတောင် ဘာအတွဲမှမရှိဘဲ သူတို့ချည်း လာထိုင်နေတာမလား။
ထိုအချိန် နေခက ဟက်ခနဲ ထရယ်ချလိုက်တော့ မောင့်အကြည့်စူးစူးကို ရသည်။
" ဆောရီး ဆောရီး မောင်၊ ငါ လှောင်တာ မဟုတ်ဘူး၊ မောင့်ပုံစံက ဘာနဲ့တူနေလဲသိလား"
မောင်က ဘာမှပြန်မပြောဘဲ နေခကိုပဲ စိုက်ကြည့်နေတာကြောင့် သူ ဆက်ပြောလိုက်သည်။
" အခုမှ ရည်းစားထားဖူးတဲ့ ပထမနှစ်အရွယ် ကျောင်းသားလေးလိုပဲလေ၊ ချစ်သူနဲ့ ဒိတ်လည်း လုပ်ချင်တယ်၊ ဒါပေမဲ့ ရိုမန့်တစ်ဖြစ်စေမဲ့ နေရာကောင်းကောင်းကိုလည်း မသိဘူး၊ အဲ့သည့်တော့ ရုပ်ရှင်ထဲက သူ မြင်ဖူးနေကျ ကန်ဘောင်ကို ခေါ်လာတယ်၊ အင်း...အဲ့လိုပဲ၊ မောင်လည်း ငါနဲ့ ရိုမန့်တစ်ဆန်ချင်လို့ သည်ခေါ်လာတာမလား ဟမ်..."
သူ့စကားအဆုံး မောင့်မျက်နှာက သူခိုးလူမိသလို မူပျက်သွားပြီးနောက် ရေကန်ဘက်သို့ ပြန်မျက်နှာမူသွားသည်။
" ဟားဟား မောင်သိလား! ကလေးရှက်ရင် ခေါင်းငုံ့ပြီး ပုန်းတတ်ကြတယ်၊ လူကြီးတွေ ရှက်ရင်ကျ စပ်ဖြီးဖြီးကြီးတဲ့၊ မောင် ရှက်တော့ ငါနဲ့မျက်နှာချင်းမဆိုင်ရဲတော့ဘဲ မျက်နှာလွှဲတတ်သလား"
နေအပူရှိန်က ခေါင်းကို တရိပ်ရိပ် မူးစေသောကြောင့် သူ မောင့်လက်မောင်းကိုချိတ်ပြီး မောင့်ပခုံးပေါ် ခေါင်းမှီတင်လိုက်သည်။
YOU ARE READING
မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)