Part - 5

13.5K 1K 45
                                    

(Unicode)

လျှပ်စစ်မီးထိန်လင်းစွာ ထွန်းထားသော အခန်းထဲ၌ ခုတင်တစ်လုံးပေါ်တွင် နေခသည် လဲလျောင်းနေရပြီး မားကလည်း ခုတင်ဘေး၌ ရပ်နေသည်။ မား၏ဘေးက ခုံမှာထိုင်နေသော မိသားစုဒေါက်တာလေးကလည်း နေခ၏ကျန်းမာရေးကို စစ်ဆေးပေးနေသည်။

" အဖျားက ၁၀၀ တောင် ကျော်ပါ့လား၊ ကျွန်တော် ဆေးတစ်လုံးထိုးပေးခဲ့မယ်၊ လူနာကို ရက်အနည်းငယ် ပေးနားလိုက်ပါ၊ လိုအပ်တဲ့ ဆေးတွေလည်း ပေးခဲ့တာမို့ အာဟာရရှိတာ တစ်ခုခုကျွေးပြီးမှ တိုက်ပေးပါ"

ဒေါက်တာကတော့ နေခကို ပြုံးပြရင်း မားကို စကားဆိုသည်။

" ဟုတ်ကဲ့ပါ၊ ဒေါက်တာညွှန်ကြားတဲ့အတိုင်း သားကို ဂရုစိုက်လိုက်ပါ့မယ်"

" ဟုတ်ကဲ့၊ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး"

" ဟုတ်ကဲ့ပါ ဒေါက်တာ"

ဆရာဝန်လေးက ပြန်ထွက်သွားချိန် သား၏သူငယ်ချင်းဖြစ်သူ ခက်ဇော်ကလည်း သူတို့ရှိနေသော အခန်းအတွင်းသို့ ပြန်ဝင်လာသည်။

" အန်တီ နေခရဲ့အခြေအနေ"

" ရိုးရိုးဖျားတာပါပဲ၊ အဖျားနည်နည်းကြီးသွားရုံပါ၊ သားသူငယ်ချင်းအနားမှာနေဦး၊ အန်တီ ဒေါက်တာ့ကို ပြန်ပို့ပေးလိုက်ဦးမယ်"

" ဟုတ်ကဲ့ပါ အန်တီ"

ခက်ဇော်လည်း အန်တီမေခထွက်သွားတော့ ခုတင်ပေါ်၌ လှဲနေသော နေခ၏တင်ပါးကို တစ်ချက်လောက် အားရပါးရ ကန်ထည့်လိုက်သည်။

" အာ့! ဟျောင့် ဘာလုပ်တာလဲ"

" မင်း ပြောစမ်း၊ မင်း သည်ရက်ပိုင်း ငါ့ကို အဆက်အသွယ်ဖြတ်ပြီး ဟိုကောင့်ဆီ ရောက်ရောက်သွားနေတယ်မလား"

" ဟင်...ဘယ်ကောင်လဲ"

" ဘာအခုမှ မသိချင်ယောင်ဆောင်နေတာလဲ၊ မင်း အဲ့ဆိုင်ကို လာနေတာ ငါ တွေ့တယ်ကွ၊ မင်းနဲ့သူ အတူထွက်သွားကတည်းက ငါ အဲ့ဆိုင်ထဲမှာ ရှိတယ်၊ မင်းတို့ကို လှမ်းအကဲခတ်နေတာ၊ ပြောစမ်း၊ မင်းတို့က ဘာအခြေအနေတွေလဲ"

" ဖြည်းဖြည်းပြောလည်း သည်စကားပါပဲကွာ၊ ဘယ့်နှယ်...နေမကောင်းတဲ့ငါ့ကို ကန်ရတာလဲ"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now