Part - 27

10.1K 672 30
                                    

(Unicode)

မောင်ဟာ ဘယ်အချိန်အထိ သူ့အပေါ်ရက်စက်နေလိမ့်မလဲ။ ဝဋ်ကြွေးတွေလည်း သည်ဘဝသည်မျှနှင့်သာ ကျေစေချင်ပြီ။ သူ့လိုလူက ဘာလို့မောင့်ကြောင့်နဲ့ ပြိုလဲနေရတာလဲ။ သူ့ကိုယ်သူ အားမလိုအားမရဖြစ်မိ၏။ သူက ဘယ်အချိန်ကစပြီး အဲ့သည့်လောက်တောင် ပျော့ညံ့သွားရတာလဲ မောင့်အပေါ် စချစ်မိသည့်အချိန်ကလား။

ကားမောင်းနေရင်း နေခဟာ ငိုနေခဲ့သည်။ မောင့်ကို ဆုံးရှုံးရမှာ ကြောက်သည့်စိတ်ကြောင့်သာ မောင့်ဆီ အပြေးသွားနေခဲ့တာ။ မောင် နှင်လွှတ်တာတွေကိုလည်း သူ မခံနိုင်တော့။ သူသည်လည်း အသွေးနဲ့အသားနှင့်မို့။ နှလုံးသားနှင့်မို့။

မောင့်တိုက်ခန်းအောက်မှာ ကားရပ်လိုက်ပြီး သူ မောင့်ဆီ သွားရနိုး၊ မသွားရနိုး စဉ်းစားနေခဲ့သည်။ အခုချိန် မောင့်ဆီကို ရောက်လျှင် ဘယ်လိုမြင်ကွင်းမျိုးတွေနှင့် ဆီးကြိုခံရမလဲ သူ မသိပေ။ သူ တကယ့်ကို ရင်မဆိုင်ရဲပါ။

သို့ရာတွင် ရောက်လက်စနှင့် မထူးတော့ဟု တွေးလိုက်ပြီး ရူးရူးမိုက်မိုက်နှင့်သာ မောင့်တိုက်ခန်းဆီ တက်သွားလိုက်၏။ အခန်းရှေ့ရောက်တော့ တံခါးကလည်း သည်အတိုင်းဖွင့်ထားသည်မို့ နေခ၏စိတ်ထဲမှာ အနည်းငယ်ထူးဆန်းနေသည်။

" ဟင် မောင်"

ကြမ်းပြင်ပေါ်မှောက်လျက် လဲကျနေသောမောင်ကြောင့် နေခဟာ လန့်သွားပြီး မောင့်အနားပြေးသွား၍ မောင့်ကို ကြည့်လိုက်သည်။

" ဟိုမိန်းမ ဘာလုပ်သွားတာလဲ၊ မောင်...မောင်..."

မောင့်ခန္ဓာကိုယ်အလေးကြီးကို ဆွဲထူလျက် မောင့်ကို ခုတင်ပေါ်ဆွဲတင်ရသည်။ မောင့်ကိုယ်က အရက်နံ့တွေ ရနေတာကြောင့် မောင်မူးပြီး အိပ်ပျော်သွားတာ ဖြစ်ရမည်။ မောင့်ဘေးမှာ ဝင်လှဲလိုက်ပြီး မောင့်မျက်နှာကို လက်ဖျားလေးတွေနှင့် တို့ထိမိရင်းစကားသံ တိုးဖျော့ဖျော့ဖြင့် ဆိုမိ၏။

" မောင်က အိပ်နေတော့လည်း အပြစ်ကင်းလိုက်တာနော်"

" ဟင်"

ထိုအခါ သူ့လက်ချောင်းများ၏အထိအတွေ့ကြောင့် မောင်ဟာ ယားယံလာပြီး သူ့မျက်နှာသူ လက်ဖမိုးဖြင့် ပွတ်သပ်နေသည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now