Part - 29

10K 666 28
                                    

(Unicode)

ဟန်လင်းညိုသည်ကား ခုတင်ပေါ်ပစ်လှဲလိုက်သည့်တိုင် ရင်တလှပ်လှပ်ဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပူရှိန်းရှိန်းဖြစ်နေပေ၏။ စက္ကက သူ့နှုတ်ခမ်းများကို ချယ်လှယ်နေသည့်အပေါ် သူကား မရုန်းကန်နိုင်ခဲ့ဘဲ ကြောင်အလျက်သား ငြိမ်နေမိပြီးနောက် မသိလိုက်မသိဘာသာဖြင့် အနမ်းတွေအား မိန်းမောစွာ ပြန်တုံ့ပြန်ခဲ့သေးသည်။ အချိန်အတော်ကြာ နှစ်ဦးသား နမ်းနေခဲ့ပြီးသည့်နောက်တွင် သူ စက္ကကို တွန်းထုတ်ခဲ့ပြီး မျက်နှာကို တစ်ချက်ထိုးရုံမျှသာ တုံ့ပြန်နိုင်၍ အလောတကြီး ကားမောင်းပြေးခဲ့ရ၏။ စက္က မည်သို့ကျန်ခဲ့လိမ့်မည်ကို သူနောက်ပြန်လှည့်ကြည့်ဖို့ မဆိုထားနှင့် သူကိုယ်တိုင်ပင် စိတ်မတည်မငြိမ်ဖြင့် ကားမောင်းပြန်ခဲ့ရသည်။

သူပြောချင်ခဲ့တာ သူ့မင်္ဂလာဆောင်မှာ သီချင်းလာဆိုပေးဖို့၊ သူ့ကို လာရောက်ဂုဏ်ပြုပေးဖို့ တောင်းဆိုရန် ကြံရွယ်ထားခဲ့သော်ငြား ကိစ္စတွေက ထိုအခြေအနေအထိ ရောက်သွားလိမ့်မည်ဟု သူ ဘယ်လိုလုပ်ထင်မှာလဲ။ ကိုယ့်ဂုဏ်သိက္ခာကိုမငဲ့ဘဲ စက္ကနှင့်ပင်  အပေးအယူတည့်၍ နမ်းခဲ့သေး၏။ သို့ဖြစ်၍ စက္ကအနားကို ပြန်သွားဖို့ တစ်ပတ်လောက် ထပ်အားယူရပေဦးမည်။

/~/

နေခမင်းမြတ် မောင့်အနားက တစ်ဖဝါးမှမခွာနိုင်လောက်အောင် ဘယ်သွားသွား လိုက်ကပ်တွယ်နေသည်။ အိမ်ရှေ့နှင့်နောက်ဖေးသွားလျှင်တောင် မောင့်​ပေါင်ကို ဖက်တွယ်လျက် ကုပ်တွယ်၍ လိုက်၏။ မောင်နှင့် အတူနေစဥ်အတွင်း မောင်က သူ့ကို အခွင့်အရေးမယူဘဲ ဂရုစိုက်စောင့်ရှောက်ပေးသည်မို့ သူ စိတ်ညစ်နေသည်။ မောင့်ကို လိုချင်တာလည်း ရူးတော့မည်။ ဒါပေသည့် မောင်က သူ့ကို ဝေ့လည်ကြောင်ပတ်လုပ်နေတာမို့ သူ အကြံကြီးကြီးကြံနေ၏။

" မောင် "

" ဟင် "

" သရဲကားကြည့်ရအောင်"

" မကြည့်ချင်ဘူး!"

" ငါ ရှိတာပဲ မကြောက်ပါနဲ့"

" မကြောက်ပါဘူး"

" အဲ့တာဆို သရဲကားကြည့်မလား....ဒါမှမဟုတ် ငါ့ကိုလုပ်မလား ကြိုက်တာရွေး "

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Tempat cerita menjadi hidup. Temukan sekarang