Part - 15

9.1K 708 15
                                    

(Unicode)

စက္ကမင်းမြတ်သည် ရှော့ပင်းစင်တာထဲ၌ အရှေ့က သူဌေးသားနောက်ကိုလိုက်၍ အထုပ်ဆွဲပေးနေရပြီး ကြာတော့ လက်အံသေလာသည်။

" ခင်ဗျား ဝယ်လို့ မပြီးသေးဘူးလား၊ သည်မှာ အထုပ်တွေလည်း အများကြီး နည်းနည်းပါးပါး ကူသယ်ပေးပါဦး"

" ဒါတွေက မင်းအတွက် ဝယ်တာလေ၊ မင်း သယ်ရမှာပေါ့"

" ခင်ဗျားကို ကျွန်တော် ဝယ်ခိုင်းလား"

" စက္က လူမြင်ကွင်းကြီးမှာ မရိုင်းစမ်းနဲ့"

" ရပါတယ်၊ ခင်ဗျားက ပိုက်ဆံပေါလို့ ဝယ်ပေးတာဆိုတော့လည်း လက်ခံပေးရမှာပေါ့"

" မဝယ်ပေးပါဘူး၊ ဒါတွေ မင်း ပြန်ရှင်းရမှာ"

" ဘာ ခင်ဗျား!"

ဟန်လင်းညိုကို စက္ကမင်းမြတ်လည်း အတော်စိတ်ရှုပ်နေပြီ။ ဘုရားသခင်က သည်လူ့ကို သူ့ဆီ ဒုက္ခပေးဖို့များ စေလွှတ်လိုက်လေသလား။

" သည်လို hotel တစ်ခုလုံးကို ဦးစီးပြီး လမ်းသရဲပုံစံဝတ်နေလို့ မင်းကို ဘယ်သူက လေးစားမလဲ၊ ဝတ်ပုံစားပုံ သေသေသပ်သပ်ဝတ်စမ်းပါကွ၊ ငါ ဝယ်ပေးလိုက်တာတွေ ဝတ်နော်၊ သိမ်းမထားနဲ့၊ နောက်နေ့ ငါ လာရင် မင်းကို အဲ့အဝတ်အစားတွေနဲ့ မြင်ချင်တယ်"

" သည်မှာ ခင်ဗျား အရမ်းအားနေတာလား၊ ဘာလဲ၊ ဆေးမှားကုပြီး ဆရာဝန်လိုင်စင်ပြန်သိမ်းခံရလို့ ကျွန်တော့်ကို ဆရာကြီးလာလုပ်နေတာလား"

" ဟားဟား အေးပါ၊ မင်း ပြောချင်ရာသာပြော၊ မင်းက လူငယ်လေးမို့ ငါ ခွင့်လွှတ်တယ်"

ဟန်လင်းညိုက ပြုံးလျက်သာရှိနေသည်မို့ စက္ကမှာ ပိုခံပြင်းရသည်။ မျက်မှန်အောက်ရှိ မျက်လုံးတွေကလည်း ပြုံးလျက် ရှိ၏။

" ဟယ်...ကိုကိုပါလား"

" နွယ်"

သူတို့အနားရောက်လာသောမြန်မာဆန်ဆန်မိန်းကလေးက ဟန်လင်းညို၏လက်မောင်းကို ပြေးဖက်သည်။ သည်လူ့မှာ ချစ်သူရှိတာလားဟု စက္က အံ့သြရပြန်သည်။ အင်းပေါ့လေ။ အသက်ကဖြင့် ဖင်စောင့်နေပြီမို့ ချစ်သူတောင်မရှိဘူးဆိုလျှင် ရှက်စရာမလား။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now