Part - 24

9K 669 5
                                    

(Unicode)

အစ်ကိုနှင့် စကားပြောနေကြရင်း အမေက ရုတ်တရက် ကားပေါ်တက်လာတော့ စက္က လန့်သွားသည်။ အစ်ကိုကလည်း အမေ့ကို နားမလည်သလို ကြည့်နေသည်။ ပြီးတော့ အမေ့သူငယ်ချင်း မမနိုင်ကပါ သူတို့ကားပေါ်သို့ ခပ်တည်တည်နှင့် တက်ထိုင်သည်။

( ဒေါက် ဒေါက်...)

ကားမှန်ကို ဦးလေးကြီးတစ်ယောက်က လာခေါက်သောကြောင့် စက္က မှန်ချပေးလိုက်သည်။

" သား မေခတို့ကားက ပျက်သွားလို့ အဲ့တာ သားတို့ပဲ အပြန်ခေါ်သွားလိုက်နော်၊ ဟို နွယ့်ကို ဖေဖေတို့ ပြန်ခေါ်သွားလိုက်မယ်"

အစ်ကို့ကို လှမ်းပြောတာဆိုတော့ အစ်ကို့အဖေပဲ ဖြစ်လိမ့်မည်။

" ဟုတ်ကဲ့ အဖေ"

စက္ကကတော့ အတတ်နိုင်ဆုံးစိတ်ကို တည်တည်ငြိမ်ငြိမ် ထားသည်။

" ထိုင်လက်စနဲ့ ကျွန်တော်ပဲ မောင်းလိုက်ပါ့မယ်"

" အေး စက္က"

ကားမောင်းသူနေရာမှာ ထိုင်နေမိတာမို့ အပြန်ကို သူပဲ မောင်းလိုက်သည်။ အစ်ကိုလည်း နားချင်မှာပဲဟု တွေးလိုက်မိ၍လည်း ပါသည်။

" ဒေါက်တာလေးက စက္ကနဲ့ ရင်းနှီးမယ်လို့ အန်တီ မထင်ထားဘူး"

ဒေါ်မမနိုင်ကတော့ ဇာတ်လမ်းစပြီ။ စက္ကကို သူ ဘယ်လိုအပိုင်ကြံရမလဲဟုသာ တွက်နေလေသည်။ ဟန်လင်းညိုအနေနှင့်လည်း အခြေအနေတွေကို နားလည်ပြီးသားမို့ အလိုက်သင့်လေး ပြုံးနေလိုက်သည်။

" ဒေါက်တာနဲ့ စက္ကက ဘယ်လိုစရင်းနှီးကြတာလဲ"

ဒေါ်မေခကတော့ ငြိမ်ပြီး ကားမောင်းနေသည့် သားကိုသာ ကြည့်နေပေမဲ့ ဒေါ်မမနိုင်ကတော့ မရ။

" စက္ကကို တစ်ခါကျွန်တော့်ကားနဲ့ တိုက်မိမလို ဖြစ်တယ်"

" အို..."

" ကျွန်တော့်ဆေးခန်းခေါ်သွားပြီး ဆေးထည့်ပေးရာက စတာပေါ့၊ နောက်ပိုင်း သည်ကောင်လေးရဲ့စိတ်ရင်းလေးကို ကြိုက်လို့ ရင်းနှီးသွားတာ၊ အစက နည်းနည်းပြောရဆိုရခက်ပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now