Part - 17

8.7K 673 6
                                    

(Unicode)

နောက်နေ့ကျတော့ ဟန်လင်းညိုလည်း စိတ်ပြေသွားသည်။ စက္ကကို ပြောလိုက်မိတာ လွန်သွားပြီလားဟု ပြန်တွေးမိပေမဲ့ သူလည်း ကိုယ့်သူငယ်ချင်းရှေ့၌ ကိုယ့်ကို ရိုင်းသွားတာပဲဟု ခပ်ချဥ်ချဥ် ပြန်တွေးလိုက်သေးသည်။ သို့ပေမဲ့လည်း သူက လူကြီးတစ်ယောက်မလား။ အစစအရာရာ သူပဲ လျော့ပေးလိုက်တာ ကောင်းပါသည်။ နောက်ရက် ဆေးခန်းနားသည့်ရက်မှ စက္ကဆီ သွားပြီး လူရှေ့သူရှေ့ စကားပြောမရိုင်းသင့်ကြောင်း ဆုံးမပေးရဦးမည်။

" ဟယ်လို သား"

" ဟုတ် အမေ ပြောလေ"

" သား ဆေးခန်းပိတ်တဲ့နေ့တစ်ရက်လောက် အမေ့ကို အကူအညီတစ်ခုလောက်ပေးလို့ ရလား"

" အာ...ရတာပေါ့ အမေရဲ့"

" ပဲခူးမြို့က ဘိုးဘွားရိပ်သာမှာလေ ကင်ဆာရောဂါနဲ့ဆိုင်တဲ့ ဟောပြောပွဲလေးလုပ်ကြမှာ အဲ့သည့်မှာ သားကို နွယ့်အမေက လာစေချင်နေတာ"

" ဪ...ဟုတ်ကဲ့၊ ရပါတယ်"

" အေးအေး အဲ့တာဆို ကျေးဇူးပါ သားရယ်၊ သားကိုလည်း နွယ့်အမေက ပိုပြီး လေးစားတန်ဖိုးထားသွားတာပေါ့"

" ဟုတ်ကဲ့၊ သားသွားပေးပါ့မယ်"

နွယ့်အမေက တောင်းသည့်အကူအညီဆိုတော့ သူ့မှာ ငြင်းလို့လည်း မကောင်း၍ လက်ခံရတော့မည်။ ပိတ်ရက်လေး စက္ကဆီ သွားမလို့ တွေးထားပြီးခါမှကွာ။ သူ အကြံတစ်ခုရသွားသည်။ စက္ကကို မနက်ဖြန်ညနေ ဝင်ပြောပြီး ပိတ်ရက်ကျ ပဲခူးကို သူနှင့်အတူ ခေါ်သွားလိုက်မည်။ ထို့အပြင် သူလည်း တစ်ယောက်တည်းကားမောင်းစရာ မလိုတော့ဟု တွေးမိသည်။

/~/

မောင့်အခန်းမှာ နေနေတာ ၄ရက် ကျော်သွားပြီမို့ နေခလည်း အပြင်ထွက်ချင်လာသည်။ မောင်နှင့်အတူ ရုပ်ရှင်သွားကြည့်ချင်သည်။ လျှောက်သွားချင်သည်။

" မောင်"

မောင့်ရင်ခွင်ထဲကနေ ချွဲကြည့်သည်။

" ငါတို့ ရုပ်ရှင်သွားကြည့်ရအောင်လေ"

မောင်က သူ့ကိုယ်လုံးကို ရင်ခွင်ထဲထည့်ထားပြီး ငြိမ်သက်နေ၏။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now