Part-2

19.1K 1.3K 2
                                    

(Unicode)

ထိုဆိုင်မှ အပြန်မှာ မိုးများတဖွဲဖွဲကျနေခဲ့ပြီး လေပြေလေညင်းလေးများကလည်း ညင်းသွဲ့သွဲ့ တိုက်ခတ်နေခဲ့သည်။ ခက်ဇော်ကတော့ နေခကို အဲ့သည့်ဆိုင်အကြောင်းနှင့်ပတ်သက်ပြီး သူ သိသလောက် ပြောပြသည်။ နေခ တစ်ခါမှ မကြားဖူးသည့် လူတွေ၏ရှင်သန်နေထိုင်မှုအကြောင်းတွေပါ သိခဲ့ရသည်။

" နေခ ရောက်ပြီလေ၊ ဆင်းတော့"

" ဟေ..."

ကိုယ့်အတွေးနှင့် ကိုယ် နစ်မျောနေတာကြောင့် ကိုယ့်အိမ်ရှေ့ကားရပ်လိုက်ပြီမှန်းတောင် သူ မသိ။

" ငူငိုင်မနေနဲ့ နေခ၊ မင််းကို စိတ်ပေါ့ပါးအောင် သည်လိုနေရာတွေ တမင်ခေါ်သွားတာ"

" အေး ငါ သွားတော့မယ်"

" နေဦး"

ကားတံခါးကို ဖွင့်ဖို့ ရွယ်လိုက်ပြီးမှ ခက်ဇော်၏အသံကြောင့် ပြန်လှည့်ကြည့်လိုက်တော့...

" ဘာလဲ"

" ဟို...မင်း အဲ့သည့်ကို ထပ်သွားချင်သေးလား"

" အင်း"

" အေးပါ၊ နောက်တစ်ခေါက်ပေါ့၊ ကဲ သွားတော့၊ မင်းရဲ့မားစောင့်နေလောက်ပြီ"

ခက်ဇော်၏ကားလေးလည်း ခြံရှေ့က ထွက်သွားမှ သူ အိမ်ထဲသို့ ဝင်လာခဲ့သည်။ သူတို့ထွက်သွားသည့် အချိန်နှင့်ဆို ၅နာရီခွဲလောက်မှ ပြန်ရောက်သည်က သိပ်နောက်မကျသေးပေ။ သည်အချိန်လောက်ဆို မားက အိမ်မှာ မရှိ။ မားက ညနေပိုင်းတွေမှာ သူ့ကုမ္ပဏီဆီ သွားနေကျဖြစ်သည်။

အိမ်ပြန်ရောက်သည်နှင့် အရင်ဦးဆုံးလုပ်မိသည်က ရေချိုးတာပဲ။ ရေချိုးခန်းထဲ၌ ရေပန်းဖွင့်ချ၍ ရေပန်းအောက်၌ ဝင်ရပ်လိုက်ချိန် စင်ပေါ်၌ မျက်နှာသေနှင့် သီချင်းဆိုနေသော သူ့ပုံရိပ်က ခေါင်းထဲပြန်ဝင်လာသည်။

" သူ့မျက်လုံးတွေက နွေဦးနဲ့ တူလိုက်တာ..."

သို့ရာတွင် သူ ရေချိုးခန်းထဲမှ ပြန်ထွက်လာပြီး အဝတ်အစားလဲနေချိန်၌ မားဆီမှ ဖုန်းဝင်လာသည်။

" ဟယ်လို မား"

" အင်း သားရေ၊ မားလေ သည်ည မှော်ဘီဘက်မှာ night scene ရိုက်ရမှာမို့ အိမ်ပြန်မလာဖြစ်တော့ဘူး"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now