အချ​ပ်ပို(၃)[နှစ်သစ်ကူးည]

Mulai dari awal
                                    

အမှန်ဆို သူတို့ကလက်ထပ်ပြီးသားအကြင်
မောင်နှံတွေပဲလေ၊ ဒါလေးကိုင်တာက
ဘာဖြစ်တာမှတ်လို့လဲ။ဒီနူးညံ့အိထွေးတဲ့အထိအတွေ့နဲ့ လပြည့်ညလို ဝိုင်းစက် တဲ့အရာလေးရဲ့ဖြစ်တည်မှုက သူ့အတွက်မှမဟုတ်ရင် သိပ်ကိုသနားစရာ
ကောင်းသွားမှာပေါ့။

စိတ်ကူးလေးထဲမှာတော့ တစ်နေ့တာအတွက်အစီအစဉ်တွေကိုတွေးရင်း ရွှင်မြူးစွာနဲ့အိမ်အောက်ထပ်ကိုဆင်းလာခဲ့တဲ့ 'သိင်္ခ'ဟာ ဧည့်ခန်းထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့ရဲ့လှပတဲ့မျက်နှာလေးလဲ ချက်ချင်းဆိုသလို မဲ့ရှုံ့သွားရတော့တယ်။

"နေ...နေပါဦး!
ဒီပုံစံက ဘာပုံစံကြီးလဲ။"

အတော်ကိုကသိကအောက်ဖြစ်နေပုံရတဲ့လေသံနဲ့
ကျုပ်ကိုအော်မေးလာတဲ့ 'ကိုဗညားသိင်္ခ'ကို
ကျုပ်လျစ်လျူရှုထားပြီး သတင်းစာကိုပဲဆက်ဖတ်
နေလိုက်တယ်။ ပြင်ထားဆင်ထားလိုက်တာကလဲ
လွန်ရော..သူ့ကိုယ်သူ လူပျို လေးထင်နေလားမသိ။
နှစ်သစ်ကူးနေ့ဆိုတော့ အတော်လေးကိုရှိုးထုတ်ပြီး
လမ်းသလားချင်နေပုံပဲ။

သူ့ဆီကိုအကြည့်တစ်ချက်တောင် စွန့်ကျဲမလာဘဲ၊
ဧည့်ခန်းထဲမှာ သတင်းစာကိုမိန့်မိန့်ကြီးထိုင်ဖတ်နေတဲ့
'ကျောက်ခဲ'ကြောင့်'သိင်္ခ'ကူကယ်ရာမဲ့စွာနဲ့
ထပ်မေးလိုက်တယ်။

"ကျောက်ခဲ...မင်းကိုယ့်ကိုထပ်ပြီး
မသိချင်ယောင်ဆောင်ထားပြန်ပြီ။
ဒါက ဘာပုံစံကြီးလဲလို့။
အဲ့ဒီစွပ်ကျယ်အပြဲ...ကွက်ကြဲပုဆိုးကြီးနဲ့
လိုက်ခဲ့မလို့လား။"

"ဘယ်သူကလိုက်မယ်ပြောလို့လဲ။"

"ဘာပြောတယ်...!။"

ဒါကတော့လုံးဝများသွားပြီ၊ အတူလျှောက်လည်ကြမယ်လို့သူသေချာပြောခဲ့တယ်လေ။ ဒီကောင်လေးတစ်ကယ်ပဲ သူ့ကိုပုန်ကန်ချင်နေတာလား။

"အတူသွားကြမယ်လို့ပြောခဲ့တယ်လေကွာ
ဘာ​ဖြစ်လို့လဲ...။"

"မသွားချင်ဘူး။"

ကျုပ်လဲအပြတ်ပဲ ပြောလိုက်တယ်။ အရင်ကတော့ မျက်နှာလေးတစ်ချက်အညိုးမခံချင်သလို၊ ဒီလူ့ရဲ့ မျက်ရည်စတွေကိုလည်းခံနိုင်ရည်မရှိတာမို့ အစစအရာရာ အလိုလိုက်ခဲ့မိတာ။ အခုတော့ ဒီလူကအတော်လေးကို စည်းပျက်ကမ်းပျက်ဖြစ်လာပြီး...ကျုပ်...ကျုပ်ကို လူကြားထဲမှာ ....ဟွန်းစိတ်လျှော့'ကျောက်ခဲ' စိတ်လျှော့ ။

"Dear Kyauk Khal"(Complete)Tempat cerita menjadi hidup. Temukan sekarang