အပိုင်း(၃၈)'မြွေမြွေချင်းခြေမြင်'

6K 603 67
                                    


Unicode
~~~~~~~~

ကျုပ်နဲ့အစ်ကိုလဲ ရေချိုးပြီးတဲ့နောက်
ထမင်းစားခန်းကို အတူလျှောက်လာခဲ့ကြတယ်။
ရင်ထဲမှာတော့ ခုနကလန့်ထားတဲ့အရှိန်မပျောက်သေးတာမို့ ကျုပ်ခမျာ အစ်ကို့အနားကိုမကပ်ရဲဘူး။
အစ်ကိုကတော့ ကျုပ်ကိုကြည့်ပြီး
တစ်ချက်၊ တစ်ချက် ခိုးရယ်နေလေရဲ့။

ထမင်းစားခန်းထဲကိုဝင်လိုက်ရင်ပဲ တရုတ်ဟင်းလျာ
အနံ့တွေက ကျုပ်နှာခေါင်းထဲကို အလုအယက်တိုးဝင်လာတယ်ဗျ။ ကျုပ်စိတ်ထဲမယ် အော်ဟစ်လိုက်မိတယ်။ တရုတ်ဟင်းလျာတွေက စားပွဲနဲ့အပြည့်မို့ ကိုယ့်မျက်လုံးတောင်ကိုယ်မယုံနိုင်တော့ဘူး။

"ကျောက်ခဲလေး..လာထိုင်လေ။"

အစ်ကိုက အရင်ဝင်ထိုင်ရင်းကျုပ်ကိုခေါ်လာတော့
ကျုပ်လဲ အစ်ကို့ဘေးမှာပဲဝင်ထိုင်လိုက်ရတယ်။

"ဝက်သားနဲ့ကြော်ထားတာ ကြိုက်တယ်မလား
ငုံးဥပါစားနော်...အားရှိအောင်။"

အစ်ကိုက ကျုပ်ရှေ့ကိုခေါက်ဆွဲကြော်ပန်းကန်ကြီးချပေးရင်းပြောလာတယ်ဗျ ။ အဲ့ဒီ့အပြင် ကျုပ်အရှေ့ကထမင်းပန်းကန်ကိုတောင်ဖယ်ပေးလိုက်သေး ၊ အဓိပ္ပါယ်ကထမင်းနဲ့မစားပဲ ဒီအတိုင်းပဲစားပေါ့။
အဲ့တာကြောင့် ကျုပ်လဲအငွေ့တထောင်းထောင်း
ထနေတဲ့ ခေါက်ဆွဲကြော်ပန်းကန်ကြီးကိုကြည့်ပြီး
သရေတွေမျိုချလို့ အပီလွေးလိုက်တော့တယ်။
ခေါက်ဆွဲသားကနူးအိပြီး အသားတုံးတွေလဲ
အများကြီးပါတာဗျ။ အရသာကလဲထိပ်တန်းပဲ။
ကျုပ်တော့ဗိုက်ခွေးနမ်းပြီပေါ့ဗျာ..နိပ်ချက်။

မိမိအရှေ့မှာအပီအပြင်စား
နေတဲ့ ကောင်ငယ်လေး ကိုကြည့်ပြီး 'သိင်္ခ'တစ်ယောက်မှာတော့ ပီတိတွေဖြာလို့နေရတယ်။
သူ ဆိုင်ရွေးမှန်သွားတာပဲ။

"သူများကိုပဲကြည့်မနေနဲ့...စားစရာရှိတာစား။"

'ဦးရွှေမောင်'က တစ်ချိန်လုံး 'ကျောက်ခဲ'
ကိုသာခိုးခိုးကြည့်နေတဲ့'ဦးဘိုးစည်'ကို
ဟင်းတွေထပ်ထည့်ပေးရင်းနဲ့
ခပ်ကြိတ်ကြိတ်ဆူလိုက်တယ်။

'ဦးဘိုးစည်'ကတော့တစ်ဖက်လူရဲ့
စကားသံကြောင့် ကိုယ်ရှိန်သတ်လိုက်ရပေမဲ့
အတွေးတို့ကတော့မရပ်တန့်နိုင်သေး။ ဘာကြောင့်မှန်းမသိထိုနှစ်ယောက်ကိုကြည့်ရင်းနဲ့ သာမန်မဟုတ်တဲ့အငွေ့အသက်တို့ရနေတဲ့အ​ပြင်၊ 'ကျောက်ခဲ'ရဲ့နှုတ်ခမ်းတွေကလဲပုံမှန်ထက်ကို သိသိသာသာထူအန်းလို့နေတာ ။ အဲ့ဒါကလဲ 'သိင်္ခ'အခန်းထဲကနေ ထွက်လာကတည်းက။'မြွေမြွေချင်းခြေမြင်' ဆိုသလိုပဲ သူလဲအဲ့ဒီအရာတွေနဲ့တစ်ချိန်က ကျွမ်းဝင်ခဲ့ဖူးတဲ့သူလေ...တကယ်ကိုပဲလား။

"Dear Kyauk Khal"(Complete)Where stories live. Discover now