Unicode
~~~~~~~'သိင်္ခ'က သိသိသာသာကိုပဲ
'ကျောက်ခဲ'ရဲ့မျက်ဝန်းတွေထဲအထိ
စိုက်ကြည့်ရင်းဆိုလေတော့ ကျန်တဲ့လူတွေခမျာမှာ
အရူးအမဲသားကျွေးသလို ဖြစ်ကုန်ကြရတယ်။"ဝေါင်းအမေးဇင်းး
တယ်ဟုတ်ပါလား။"'ကျေးဥ'မရဲ့အသံကျယ်ကြီးကလဲ
ခြင်္သေ့တစ်ကောင်လိုထွက်ပေါ်လို့လာလေရဲ့။" မှတ်ထားနော် သန်းဖေ"
"အေးပါကွာ။"
'သန်းဖေ'မှာလဲ 'အောင်တိုး'ရဲ့စကားကို
အကြောင်းပြန်ရတာတာဝန်တစ်ခုအလား။"ကိုကြီး 'သိင်္ခ'က သိပ်တော်တာပဲ။"
"ဟုတ်ပါ့တော်။"
"အစ်ကို ကျုပ်ကို ရှင်းပြပါလား
အဲ့တာက ဘာကြောင့်အချစ်ဖြစ်ရသလဲဆိုတာလေ။"ကျုပ်အစ်ကို့ကိုမေးလိုက်တော့ အစ်ကိုက ကျုပ်ရဲ့
ခေါင်းကို တစ်ချက်လောက်ပုတ်ပေးရင်းပြောလာတယ်ဗျ ။"အဲ့တာက ဘာကြောင့်အချစ် ဖြစ်ရသလဲဆိုတော့
အချစ်ဆိုတာ ရှိမှန်းသိပေမဲ့မမြင်ရဘူးလေ၊ လူသားတိုင်းမှာအချစ်ရှိတတ်ကြတယ်။အချစ်ကြောင့်ပဲ
လူတွေဟာ ဝမ်းသာရသလို ဝမ်းနည်းရတဲ့အခါတွေလဲရှိလို့ပေါ့၊ နားလည်ပြီလား။"ကျုပ်အစ်ကို့ရဲ့မျက်နှာလေးကိုကြည့်ရင်းခေါင်းညိတ်ပြလိုက်တယ်။ ကျုပ်နားလည်သွားပါပြီ၊ အချစ် ဆိုတာမမြင်ရပေမဲ့ သိပ်ကိုနက်နဲတဲ့အရာတစ်ခုဆိုတာ၊၊
'အစ်ကို့ ရဲ့ အပြုံးလှလှလေးမှာ ကျုပ်ရဲ့ပျော်ရွှင်မှုတွေဖြစ်တည်တယ်။အစ်ကို နဲ့ ပတ်သက်သမျှအရာအားလုံးကို ကျုပ်မြတ်နိုးတယ်။
အစ်ကိုက ကျုပ်အတွက် အိမ်မက်ဆန်လွန်းတဲ့ဖြစ်တည်မှုဆိုပေမဲ့ ဆုပ်ကိုင်ထားခွင့်ရှိတဲ့အချိန်တစ်ခုအထိဖမ်းဆုပ်ထားချင်ပါတယ်။'ဒီလိုနဲ့ ကျုပ်တို့လဲ စကားထာဖွက်လိုက်၊
ရှေးဟောင်းနှောင်းဖြစ်တွေပြောလိုက်၊ သရဲတစ္ဆေအကြောင်းတွေပြောလိုက်နဲ့
'မောင်ရင်ပြန်ချိန်'လောက်ရောက်မှပဲ
ဝိုင်းသိမ်းပြီး အစ်ကို့ကို အိမ်ပြန်ပို့ဖို့ထွက်လာခဲ့လိုက်ကြတယ်။
YOU ARE READING
"Dear Kyauk Khal"(Complete)