🗺️🚋Rangoon Arc🚋🗺

3.7K 263 12
                                    

Zawgyi
~~~~~~
စကားလေးနည်းနည်း
ပြောချင်လို့ပါ.....နားထောင်ပေးကြပါဦး😃

အဟမ်းးးအကြောင်းအရာကတော့
မကြာခင်မှာဘဲ  ကျွန်တော် တို့ရဲ့ 'ကျောက်ခဲ'လေးက
ရန်ကုန်ကိုရှောက်ရှိတော့မှာဖြစ်သလို ကျန်တဲ့
ဇတ်ကွက်တွေကလည်း ရန်ကုန် မှာဘဲ အခြေပြု တော့မှာဖြစ်တဲ့အတွက် အဲ့ဒီခေတ်အခါက ရန်ကုန်ကို
မျက်လုံးထဲ မြင်ယောင်ကြည့်လို့ရအောင် ပုံလေးတွေ၊ဗဟုသုတရစေရန် ရည်ရွယ်ပြီး အချက်အလက်အချို့ နဲ့Videosလေးတွေထည့်ပေးထားပါတယ်။

အချို့ ပုံတွေကလည်း ခုနှစ်အနည်းငယ်ကွာဟနေတာမျိုးရှိတာမို့ ဇတ်လမ်းနဲ့အနီးစပ်ဆုံးဖြစ်အောင်ရှာယူထားရတာဖြစ်တဲ့အတွက် သည်းခံပေးကြပါ။အမှားတွေပါရင်လည်းထောက်ပြပေးကြပါ။ အခုဆိုရင်ဇတ်လမ်းလေးကလည်း ထက်ဝက်ကျော်လာပါပြီ။ဇတ်သိမ်းဖို့လဲ သိပ်မလိုတော့ပါဘူး။
အခုအချိန်အထိ အတူလိုက်ပါစီးမျောပေးခဲ့
ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်❤️

~~~~~~~~~~~~~~~~~~~~~~~
Rangoon
------------

ရန်ကုန်ဟာ ၁၈ရာစုအလယ်အထိ 'ဒဂုံ'အမည်နဲ့
ထင်ရှားခဲ့တဲ့တံငါမြို့ လေးအဖြစ်သာရှိနေသေးပြီး
မြန်မာနိုင်ငံရဲ့ဆိပ်ကမ်းမြို့တွေအဖြစ် သန်လျင်၊ မုတ္တမ၊ပုသိမ်၊ ပဲခူးမြို့တို့ကိုသာ အသုံးပြုနေခဲ့ရာက ၁၇၅၅ ခုနှစ်မှာတော့ အလောင်းဘုရား က ဧရာဝတီမြစ်တစ်လျှောက်မှာ ရှိတဲ့နယ်ပယ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာကနေ  ဒဂုံ ကိုရောက်ရှိခဲ့ပြီး
ရန်အပေါင်းကနေကုန်စင်သွားတဲ့အတွက် 'ရန်ကုန်'ဟု
ခေါ်စေကာ ပင်မဆိပ်ကမ်းမြို့အဖြစ် စတင်တည်ဆောက်ခဲ့ပါတယ်။ ၁၈၅၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအတွင်းမှာ 'ရန်ကုန်'
ဟာ အင်္ဂလိပ် တွေလက်အောက်ကျရောက်ခဲ့ပြီး
မြို့ကွက်တွေကို စနစ်တကျ နေရာချခဲ့ပါတယ်။

ရန်ကုန်မြို့ကွက်ကို စစ်ဘက်အင်ဂျင်နီယာတစ်ယောက်
ဖြစ်တဲ့   'လက်ဖတနင် အလက်ဇန်းဒါး ဖရေဇာ'*က
ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့လမ်းအများစုဟာလွတ်လပ်ရေးမရခင်အချိန်အထိ အင်္ဂလိပ်နာမည်
တွေနဲ့သာ ရှိနေခဲ့ကြပြီး တစ်ချို့ 
လမ်းတွေဟာတော့ ဌာနေတိုင်းရင်းသားတွေရဲ့နာမည်တွေနဲ့ထင်ရှားပါတယ်။

"Dear Kyauk Khal"(Complete)Dove le storie prendono vita. Scoprilo ora