အပိုင်း(၆၁)'မောင်ကျောက်ခဲလေးသိသွားခြင်း'

6K 582 45
                                    


Unicode
~~~~~~~

အချိန်အားဖြင့်တစ်ပတ်ခန့်ကြာညောင်းခဲ့လေပြီ။
'သုခစံ' အ်ိမ်တော်ရဲ့အခြေအနေတွေကတော့
အရင်အတိုင်းမပြောင်းမလဲ ရုန်းရင်းဆန်ခတ်နဲ့ဗြောင်းဆန်နေဆဲသာဖြစ်တယ်။
တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာတဲ့
သခင်လေးဖြစ်သူရဲ့အခြေအနေကြောင့်
အိမ်မှာရှိသမျှလူတွေရဲ့နေ့စဉ်ဘဝက
ချောက်အစွန်းမှာရပ်နေရတဲ့ပူဇော်ခံ
သားကောင်ငယ်တွေလို အထိတ်လန့်နဲ့ကျီးလန့်စာ
စားနေရလေတယ်။

'ခလွမ်း!"

"ပြန်ယူသွားလို့..!။"

ကြမ်းပြင်ပေါ်ကိုလွင့်စင်သွားတဲ့ထမင်းပန်းကန်တွေနဲ့
အတူ 'သိင်္ခ'ရဲ့အော်သံခပ်ကျယ်ကျယ်က အခန်းထဲမှာ
ပြည့်နှက်လို့သွားတယ်။ တစ်ပတ်အတွင်းမှာ
ဘာကိုမှကျွေးမရတဲ့လူက သိသိသာသာကိုပိန်ချုံးလို့
သွားတယ်။ ဒဏ်ရာတွေကိုဆေးလိမ်းဖို့ အခန်းထဲဝင်လာသူမှန်သမျကိုလဲ ရိုက်ပုတ်လွှတ်တတ်တာကြောင့် ခြေထောက်ဒဏ်ရာကပိုမိုပြင်းထန်လို့လာလျက် ခြေချင်းဝတ်တစ်ခုလုံးဟာသစ်သီးပုပ်ကြီးတစ်လုံးလို ရှုံ့တွပြီးဖောင်းကားလို့နေတယ်။

"သားလေးရယ်...ထမင်းလေးကိုတော့
ဝင်အောင်စားပါကွယ်။"

'ဒေါ်ရွှေဇင်ညိမ်း'ကငိုယိုရင်း နောက်ထပ်အဆင်သင့်ယူလာတဲ့ထမင်းပန်းကန်ကိုလှမ်းယူလိုက်တယ်။

"ကျောက်ခဲ ကိုပြန်ခေါ်ပေး
ကျောက်ခဲကလွဲပြီး ဘယ်သူ့မျက်နှာကိုမှမကြည့်ချင်ဘူးအကုန်ထွက်သွားကြ!။"

'ဒေါ်ရွှေဇင်ညိမ်း'က ခေါင်းကိုသာခါယမ်းလို့
ထမင်းနဲ့ဟင်းကိုဇွန်းနဲ့ခပ်ကာ သားဖြစ်သူကို
ခွံ့ဖို့လုပ်လိုက်တယ်။ ခဏလေးပဲ၊ ဒီနေ့တစ်ဝက်လေးပဲသည်းခံရအောင် ညနေကျရင်  'အစ်ကိုရွှေမောင်' တို့လဲ​​​ရောက်လာကြတော့မှာဆိုတော့
သူဘာလုပ်ရမလဲဆိုတာတိုင်ပင်လို့ရမှာပါ။

"သားလေး စားလိုက်နော်။
မင်းကြိုက်တတ်တာတွေ
မေမေချက်ထားတယ်သိလား။"

"အား..နားညည်းတယ်!။"

'သိင်္ခ'ကကျယ်လောင်စွာအော်ဟစ်ပြီး
'ဒေါ်ရွှေဇင်ညိမ်း'လက်ထဲက ထမင်းလုတ်ကိုလဲ
ပုတ်ချလိုက်ကာ၊ ပန်းကန်ကိုပါရိုက်ထုတ်လိုက်တာမို့ ထမင်းပန်းကန်နဲ့ကြမ်းပြင်ရဲ့ထိခတ်သံတွေက
ထပ်မံထွက်ပေါ်လို့လာရပြန်တယ်။ သုံးကြိမ်တိုင်တိုင်ကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ ထိုနေ့နေ့လည်အတွက်ထမင်းကျွေးခြင်းအစီအစဉ်ဟာ ကျရှုံးသွားပြန်ပါတော့တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now