အပိုင်း(၆၃)'ချွဲလွန်းသူကြီး'

8.1K 624 99
                                    


Unicode
~~~~~~~

"ကျောက်ခဲလေး..
ကိုယ်ကမင်းကိုသိပ်သတိရနေတာသိလား။"

ကုတင်ပေါ်မှာဘေးတစောင်းထိုင်နေသူရဲ့
ခါးလေးကိုဖက်ထား​ပြီး၊တစ်ဖက်လူရဲ့ဝမ်းဗိုက်နားမှာခေါင်းလေးဝှက်ကာ ကြောင်လေး
တစ်ကောင်လိုချွဲနေတဲ့ 'သိင်္ခ'က အစောပိုင်းက
အခြေအနေနဲ့တခြားစီ။

မနက်ပိုင်းကပင်မျော့မျော့ပဲကျန်တော့တဲ့သူဟာ
'ကျောက်ခဲ'ရောက်တာနဲ့ ဆရာဝန်တွေကိုချက်ချင်း
ပင့်ခိုင်းပြီး ခြေထောက်ကိုဆေးထည့်ခိုင်း၊ အားဆေးသွင်းခိုင်းနဲ့ သာမက တစ်ဖက်လူအားအပမှီသလို
ကပ်ချွဲနေတာကိုသာ'ဒေါ်ရွှေဇင်ညိမ်း'သိရင်သွေးတက်လိုက်မဲ့ဖြစ်ခြင်း။

"မင်းကရော...ကိုယ့်ကိုသတိရရဲ့လားဟင်။"

'သိင်္ခ'ကသူ့ရဲ့မူပိုင်မျက်ဝန်းလဲ့လဲ့တွေနဲ့တစ်ဖက်လူကို
မော့ကြည့်ပြီးမေးလိုက်တယ်။နဖူးပေါ်မှာဝဲကျနေတဲ့အညိုရောင်ပြေးတဲ့ဆံပင်တိုလေးတွေဟာ
ပွယောင်းယောင်းဖြစ်နေပြီး၊ မျက်နှာလေးကသေးသေးလေးဖြစ်နေတာမို့သူဟာအလွန်ကိုသနားချင့်စဖွယ်ကောင်းတဲ့ ကလေးလေးလိုဖြစ်လို့နေတယ်။

'ကျောက်ခဲ'ကလဲထိုပုံရိပ်လေးကိုသာ နူးညံ့စွာကြည့်
နေခဲ့ပြီး'သိင်္ခ'ရဲ့ဆံပင်လေးတွေကိုပွတ်သပ်ပေးနေရင်းကပြောလိုက်တယ်။

"အင်း...သတိရတာပေါ့အစ်ကိုရယ်
ကျုပ်မှာအစ်ကို့ကို
တစ်ခဏလေးတောင်မေ့လို့မရခဲ့ပါဘူး။"

"ကိုယ့်ကိုအရမ်းစိတ်ပူနေခဲ့တာလား
ကိုယ်သတိရရခြင်းတော့ တော်တော်လေးကိုစိတ်လွတ်သွားခဲ့ပေမဲ့၊ ရူးတယ်ဆိုတာကတော့ ဟန်ဆောင်ခဲ့တာအဲ့တာမှ အမေ့ရန်ကနေရှောင်လို့ရပြီး၊ ကိုယ်တို့ကိုလက်ခံပေးလာအောင်လို့လေ။
အမေလက်မခံရင်တောင်ကိုယ်ခြေထောက်ပြန်ကောင်းတာနဲ့ မင်းကိုခေါ်ထုတ်သွားဖို့စီစဉ်ပြီးပြီ။
မင်းကိုခက်ခဲစေခဲ့တဲ့အတွက် ကိုယ်တောင်းပန်တယ်နော်။"

'သိင်္ခ'က သူ့ရဲ့အစီအစဥ်တွေအားလုံးကို
တစ်ခုမကျန်ပြောပြပြီးတာနဲ့'ကျောက်ခဲ'ရဲ့ဗိုက်လေးဆီမှာမျက်နှာကိုပြန်ဝှက်ထားလိုက်တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now