အပိုင်း(၉)"မန်ကျည်းပင်ကြီးအောက်ဝယ်"

10.7K 1.2K 98
                                    

Unicode
~~~~~~~

"ဟို...ဇီးကွက်ကို ဗွေမယူပါနဲ့ဗျာ
သူက ကလေးသာသာဆိုတော့
သိပ်စကားမပြောတတ်လို့ပါ။ "

'သိင်္ခ'တစ်ယောက် သူ့ကိုကောင်ငယ်လေးက
တောင်းပန်လာတာမို့ စိတ်ထဲမှာ အပြစ်ရှိသလိုခံစားလိုက်ရတယ်။သူ့အပြုအမူတွေကြောင့် 'ကျောက်ခဲလေး'တို့ ထိခိုက်သွားမယ်ဆိုရင် သူဘာဆက်လုပ်ရ
မလဲ။

သူ့ကိုလဲတစ်ရက်မှ
မတွေ့ရရင်မနေနိုင်တော့ဘူး။
အိမ်ကို ခဏခဏလာပြန်တော့လဲ 'ကျောက်ခဲ'မှာက
အပျို အရွယ်ညီမငယ်လေးကရှိတော့
အရပ်ကမကောင်းပြောရင်ကောင်ငယ်လေးက
ငြိုငြင်လာလိမ့်မယ်။ ဒီထက်ပိုပြီးကောင်းမွန်တဲ့
နည်းလမ်းကိုရှာရတော့မယ်နဲ့တူတယ်။

"အစ်ကို....ဘာဖြစ်လို့လဲ
စိတ်ဆိုးသွားတာလား။"

ထမင်းပန်းကန်ကိုပဲ တွေတွေကြီးစိုက်ကြည့်လို့နေတဲ့
'ကိုသိင်္ခ' ကိုကျုပ်စိုးရိမ်စွာနဲ့ မေးလိုက်တယ်။ တကယ်ပဲစိတ်ဆိုးသွားရင်တော့ ကျုပ်လဲကြားက​နေ
ဖျန်ဖြေရတော့မှာပေါ့ဗျာ။ 'ကိုသိင်္ခ' နဲ့
'ဇီးကွက်'ကတစ်အိမ်တည်းမှာနေကြတာမို့လား။
မိုးလင်းတာနဲ့ ဒီမျက်နှာတွေက မတွေ့ချင်လဲတွေ့နေရမှာ။ ကိုယ့်ရပ်ကိုယ့်ရွာကိုခေတ္တလာတဲ့ အချိန်မှာ စိတ်အနှောင့်အယှက်တော့မဖြစ်စေချင်ဘူးလေဗျာ။

"ဟုတ်ပါတယ် မောင်ရင်လေးရယ်။
ဇီးကွက်လေးက ကလေးသာသာမို့ ခွင့်လွှတ်ပေးပါကွယ်ကျောက်ခဲက သူ့ညီကိုပြောပါလိမ့်မယ်။"

ဘေးနားက ကြီးကြီးကပါဝင်ပြောပေးလာတာမို့
'သိင်္ခ'အသာပြုံးလိုက်ရင်း တစ်ဖက်လူတွေစိတ်သက်သာရာရ​အောင်ပြောလိုက်ရတယ်။

"ကျွန်တော်စိတ်မဆိုးပါဘူး ကြီးကြီး
ကျွန်တော်လဲ တခြားကိစ္စကိုတွေးမိသွားလို့ပါ။"

"ကိုင်း...ဒါဖြင့်လဲစားကြ​​လေကွယ်။
ကျောက်ခဲက လိုတာထည့်ပေးလိုက်အုံး
ကြီးတော်နဲ့ 'ညိုမ' ကတော့မစားသေးဘူး။"

"ဟုတ်ကဲ့ အမ။"

'အမ' နဲ့ 'ဒွေးညို'ကလဲ ထမင်းဝိုင်းကနေထသွားတော့ကျုပ်နဲ့ 'ကိုသိင်္ခ'ပဲ ကျန်ခဲ့တော့တယ်။ 'ဇီးကွက်' ကိုတော့သေချာအောင် ပြောပြမှဖြစ်တော့မယ်။'အမ'နဲ့'ဒွေးညို 'ထမင်းဝိုင်းကနေ
ထသွားတာမြင်ရတော့ ကျုပ်လဲ
စိတ်ထဲမကောင်းတော့ဘူး။

"Dear Kyauk Khal"(Complete)Where stories live. Discover now