အပိုင်း(၂၀)"ဇီးကွက်၏ဒေါသများပေါက်ကွဲထွက်လာခြင်း"

7.9K 854 57
                                    

Unicode
~~~~~~~

အပြင်က ဆူဆူညံညံအသံအချို့ကြောင့် ကျုပ်နိုး
လာခဲ့ပြီးအိပ်နေရာကနေကုန်းထလိုက်ရတယ်။

"အမ ဘယ်သူတွေလဲဟင်။"

ကျုပ်လဲ အိပ်ချင်မူးတူးဖြစ်နေတဲ့
မျက်လုံးတွေကိုပွတ်သပ်ပြီး အမကိုမေးလိုက်တယ်။
ဝေဝါးနေတဲ့​မြင်ကွင်းတွေက ကြည်လင်သွားတဲ့နောက်မှာတော့ ကျုပ်ပထမဆုံးတွေ့လိုက်ရတာက
အစ်ကို့ရဲ့မျက်နှာပဲ။

"အစ်ကို ရောက်နေတာလား။"

"ကျုပ်တို့လဲရောက်နေတယ် ×၃။"

ဘေးနားက အသံဗြဲနဲ့အော်လာတဲ့
အုပ်စုရဲ့ကြောင့်ကျုပ်ရဲ့နားတွေအူထွက်သွားရတယ်။ ဒီကောင်လေးတွေကတော့လား..။

"အော်...အေးမတွေ့လိုက်လို့ပါကွာ။"

"တွေ့ချင်တဲ့လူကျတွေ့တယ်မလား။"

ဒီကြားထဲ'ဇီးကွက်'ရဲ့မကျေနပ်တဲ့အသံကခပ်အက်အက်က ပျံ့လွင့်လာတာမို့ ကျန်တဲ့လူတွေလဲပြုံးစိစိဖြစ်သွားကြရတယ်။ အဲ့ကောင်လေးကတော့ပြောမနေနဲ့ သူများစကားပြောရင်ဘုဘောက်နဲ့ဝင်ကန့်လိုက်ရမှ။

"အစ်ကို ရောက်နေတာကြာပြီလား။"

ကျုပ်လဲစကားစပြတ်သွားတဲ့
အစ်ကို့ဆီကိုပြန်မေးလိုက်ရတယ်။

"အင်း....မကြာသေးပါဘူးကွယ်
ကိုယ်လဲကျောက်ခဲလေးကို မနှိုးချင်တာမို့
စောင့်နေလိုက်တာ။"

"ကိုင်း ကိုင်း ဇီးကွက်တို့ထိုင်ကြကွယ့်
အရီး အိမ်ထဲခဏသွားအုံးမယ်။"

"ဟုတ်ကဲ့ အရီး။"

ဒီလိုနဲ့'ဇီးကွက်'တို့သုံးယောက်လဲ အရီးကိုနှုတ်ဆက်လိုက်ပြီးကွပ်ပျစ်မှာဝင်ထိုင်လိုက်ကြတယ်။

"ထိုင်ကြ....ဘာကိစ္စရှိလို့တုန်း မင်းတို့က။"

"ကိစ္စရှိမှလာရမှာလား ကိုကြီးကကျုပ်တို့ကိုကိစ္စရှိ
မှတွေ့ချင်တာပေါ့လေ။"

"ဇီးကွက်...ဘာဖြစ်လို့တုံး
ကိုကြီးကိုစိတ်ဆိုးနေတာလား။"

ကျုပ်ဆူပုတ်နေတဲ့'ဇီးကွက်'ကိုကြည့်ပြီး နားမလည်
နိုင်စွာနဲ့မေးလိုက်တယ်။'ဇီးကွက်'ကကျုပ်ကိုတစ်ခါမှ
ဒီလိုပြန်ပြောဘူးတာမဟုတ်ဖူးဗျ။ ဒီကောင်လေး စိတ်ဆိုးတဲ့အထိလဲကျုပ်မစခဲ့ဘူးလေဘာကြောင့်များပါလိမ့်။

"Dear Kyauk Khal"(Complete)Where stories live. Discover now