အပိုင်း(၅၁)'လက်ထပ်ခွင့်တောင်းလေပြီ'

5.4K 569 44
                                    

Unicode
~~~~~~~~

"အစ်ကို အဆင်ပြေရဲ့လား။"

အစ်ကို့စိတ်ပြေလိုပြေငြား ကျုပ် သူ့ရဲ့လက်ခုံ
လေးကိုဆုပ်ကိုင်ပေးပြီးမေးလိုက်တယ်။
ကားထဲကိုရောက်နေတာကြာပြီဆိုပေမဲ့
အစ်ကိုက ကားကိုမောင်းမထွက်သေးဘဲ
ကားထိုင်ခုံကိုမှီပြီးမျက်လုံးတွေကိုမှိတ်ထားတာမို့
ကျုပ်စိတ်ပူနေရတယ်လေ။

"မင်း ...ကိုယ်နဲ့ အတူရှိနေရတာကို
ရှက်သလား။ကိုယ်နဲ့ ဘယ်အထိဆက်သွားဖို့ရည်ရွယ်လဲဟင်။"

မေးသာမေးလိုက်ရတာသေချာပြန်တွေးကြည့်မှ
သူနဲ့ 'ကျောက်ခဲလေး'ရဲ့ လမ်းခရီးမှာ ကိစ္စအားလုံးနီးပါးက သူ့သဘောအတိုင်းစီစဉ်လာခဲ့တာချည်းပဲ။
ဒါပေမဲ့ ဒီလိုအခြေအနေကိုကြုံတွေ့လိုက်ရတော့
ဒါတွေဟာ ဒီကလေးရဲ့စိတ်ရင်းတွေပါရဲ့လား
ဆိုပြီး သံသယဝင်နေမိပြန်တယ်။ ေကာင်ငယ်လေးကရောသူနဲ့ဒီလိုတွဲနေရတာကို ရှက်ရွံ့သိမ်ငယ်နေလောက်မလား။

"ကျုပ်အစ်ကိုနဲ့
ဘဝအဆုံးထိဆက်သွားဖို့ကိုရည်ရွယ်ပါတယ်။"

ဒါကျုပ်ရင်ထဲမှာရှိတဲ့အတိုင်းဖြေလိုက်ခြင်းပဲ။
ဒီလမ်းကမလွယ်ကူဘူးဆိုတာ ကျုပ်သိနေပေမဲ့
ကျုပ်အစ်ကို့ကိုလက်မလျှော့လိုက်ချင်ဘူး။
နောက်ဆုံးအချိန်အထိ အစ်ကို့လက်ကိုဆွဲပြီး အခက်အခဲတွေရင်ဆိုင်ကြည့်ချင်တယ်။

"ကိုယ်....ကိုယ် တို့က ဥပဒေ ကို
ဖောက်ဖျက်တဲ့ ရာဇဝတ်သားတွေ ဖြစ်လာမယ်
ဆိုရင်ရော မင်းကိုယ်နဲ့အတူရှိချင်အုံးမှာလား။"

'သိင်္ခ'သေချာအောင်ထပ်မေးမိလိုက်ပြန်တယ်။
အခုန်မြန်လာတဲ့ နှလုံးအိမ်ဟာရပ်တန့်လိုက်ဖို့မဖြစ်နိုင် မျက်ရည်တို့ကိုသာဖြစ်ပေါ်စေခဲ့တာကြောင့်
ဒီကောင်လေးနဲ့ကျမှသူလဲ ငိုလိုက်,ယိုလိုက်နဲ့ အရူးတစ်ယောက်ဖြစ်နေပြီလို့တောင်တွေးလိုက်မိတယ်။

အစ်ကို့ရဲ့ရှိုက်သံနှောတဲ့ငိုသံလေးကြောင့် ကျုပ်ရင်ထဲမှာလဲနင့်ခနဲ ဖြစ်သွားရတာမို့ တစ်ဖက်လူရဲ့
မျက်ဝန်းကနေ စီးကျလာတဲ့မျက်ရည်ဥ
တွေကို ကျုပ်အမြတ်တနိုးနမ်းပြီး နှစ်သိမ့်ပေးလိုက်တယ်။ အစ်ကိုကသိပ်ကိုစိတ်မာတဲ့သူလို့ ကျုပ်ထင်နေခဲ့တာ။ ဒါပေမဲ့ဒီလိုမျိုးပူဆွေးပြီး အားနည်းနေတဲ့ အစ်ကို့ကို မြင်ရပြန်တော့ ကျွန်တော်အစ်ကို့ကို
ကာကွယ်သင့်တယ်လို့တွေးမိတယ်။ ဟုတ်ပါတယ်...အစ်ကိုကလဲ ကျုပ်လို ဝမ်းနည်းတတ်တဲ့လူသားတစ်ယောက်ပဲလေ ဒါကြောင့်
အစ်ကိုကချည်းပဲကျုပ်ကိုကာကွယ်စောင့်ရှောက်
နေရမှာ မဟုတ်ဘဲကျုပ်ကလဲ အစ်ကို့ကိုပြန်ဖေးမသင့်တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now